Part 32

1.5K 133 15
                                    

unicode

တစ်ညနေလုံးရွာထားတဲ့မိုးကြောင့် မနက်ခင်းတွင် အနွေးဓာတ်ကို ရှာမရ။ ကျောထဲစိမ့်အောင်ချမ်းတဲ့ရာသီမှာ Jungwon ကိုယ်လေးဟာ တစ်စုံတစ်ယောက် ရင်ခွင်လေးကြောင့် နွေးထွေး၍နေသည်။
ခပ်နွေးနွေး အနွေးဓာတ်လေးကြောင့်ရော တစ်ညနေလုံးပင်ပန်းထားသည့် Jungwonမှာ အခုမှအတိုးချပြီးအိပ်နေပုံရသည်။

အိပ်ရာပေါ်မှာကွေးကွေးလေးအိပ်နေတဲ့ Jungwonကို Jayကတော့ တစိမ့်စိမ့်ကြည့်လျက်။
မနေ့ညက သူ့ရဲ့စိတ်ဆန္ဒပြင်းပြမှု တစ်ခုအတွက်နဲ့​ Jungwonကို ဒုက္ခပေးမိသလိုဖြစ်သွားခဲ့တာကိုပြန်မြင်ယောင်ကြည့်ရင် Jayမှာ ရင်ထဲ မချိမဆန့်ဖြင့်။ နဂိုကတည်းဖျားနေတာကို သူ့ကြောင့် အပူတွေပါကြီးလို့ ညလယ်ခေါင်ကြီး ဆရာဝန်ပြေးခေါ်ရတဲ့အထိ ဖြစ်သွားခဲ့တာမလား။ ချုပ်ထိန်းထားရတဲ့ကြားကနေ အရက်ဝင်သွားတဲ့ သူဟာ သူမဟုတ်တော့သလို မိုက်ရူးရဲဆန်လွန်းခဲ့သည်။

တစ်ချိန်လုံးငေးကြည့်ရင်တောင် မလုံလောက်နိုင်တဲ့ မျက်ဝန်းလှလှလေးတွေ၊ မျက်တောင်ရှည်ရှည်လေးတွေကစပြီး နှုတ်ခမ်းရဲရဲလေးတွေ၊ လက်ပိစိလေးတွေ၊ ခြေဖဝါးလုံးလုံးရဲရဲလေးတွေ အဆုံး သူအပိုင်ဖြစ်သွားပြီဆိုတဲ့ ခံစားချက်သည် Jayအတွက် ရှိသမျှဒဏ်ရာတွေအကုန်လုံးကို ရှင်းထုတ်ပေးလိုက်သလိုမျိုး။

သူ့ဘဝတစ်ခုလုံး ကူကယ်ရာမဲ့သွားတဲ့အခိုက်တန့်တိုင်းမှာ ဖက်ထားလာတဲ့အနွေးဓာတ်လေးကို မူးနေသည့်တိုင် Jayမှတ်မိနေခဲ့သည်။ မေမေဆုံးတုန်းက သူ့အနားမှာရှိနေခဲ့တဲ့ သူက ဝန်းလေးဖြစ်ခဲ့သလို အခု သူပြိုလဲကျသွားတော့မယ့်အချိန် လက်ကမ်းပေးခဲ့တာက ဝန်းလေးပဲ ဖြစ်နေခဲ့သည်။

တစ်သက်လုံး အမှတ်မရအောင်လို့ ကွဲလဲအောင်သောက်ခဲ့သမျှ အကုန်အချည်းနှီးဖြစ်အောင် ဝါးမြိုထားတဲ့ အသိဆိုးကြီးတစ်ခုသည် Jungwonက သူ့ကိုဖက်ထားပြီး သူ့ရင်ခွင်ထဲကို တိုးဝင်လာတဲ့ အချိန်မှာ  အကုန်ချေဖျက်ပြီးသား။

ဒါပေမဲ့ သူဒီကိုလာခဲ့တာက Jungwonမျက်နှာလေးကိုကြည့်ဖို့တစ်ခုတည်းအတွက်နဲ့ လာခဲ့ရုံသက်သက်။ စိတ်ဓာတ်တစ်ခုလုံးပြိုလဲနေတဲ့အချိန်မို့ လိုအပ်နေတဲ့အင်အားကို ဖြည့်ပေးနိုင်တဲ့ Jungwonကို သူသိပ်လိုအပ်နေခဲ့ပါသည်။ ပြိုလဲနေတဲ့အရှုံးသမားပုံစံမျိုးကို မပြချင်ခဲ့ပေမဲ့ စိတ်သည် ထိန်းမရအောင် တွေ့ချင်လွန်းအခါ ကျန်တာတွေကိုမတွေးနိုင်ခဲ့။ ​ခြေလှမ်းတွေဟာ Blue Edenရှေ့မှာ တိခနဲရပ်သွားရပြန်သည်။ အစကတော့ ဒီအတိုင်း မျက်နှာလေးတွေးပြီးပြန်မယ်လုပ်ခဲ့ပေမဲ့ တကယ်တမ်း Jungwonကိုမြင်ရတဲ့အချိန်မှာ သူ့အသိစိတ်တွေက ပြတ်တောက်ကုန်သည်။

𝖻𝗅𝗎𝖾 𝖾𝖽𝖾𝗇 | 𝗃𝖺𝗒𝗐𝗈𝗇 [𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽]Where stories live. Discover now