EXTRA

2.3K 247 9
                                    

မျက်နှာငယ်နဲ့ Baekhyun က ဆေးရုံကုတင်ပေါ်မှာ။
ဘေးမှာတော့ ခါးထောက်လျက်သားနဲ့ Chanyeol ကြည့်နေသည်။ ခပ်တည်တည်မျက်နှာထားကြောင့် ဆေးရုံခန်းထဲ အပ်ကျသံတောင် မထွက်ရဲ။

ရေနွေးငွေ့စက်က အငွေ့တို့ အခန်းတွင်း ပျံ့နေသည်။

”Sajanim, ဆေးဝယ်လာပါပြီ ”

ဝင်လာတဲ့ လက်ထောက်ကင်ရဲ့ အသံက တိတ်နေတဲ့အခန်းထဲ စူးပြီးကို ထွက်လာသည်။ ခေါင်းပဲ ငုံ့နေတဲ့ Baekhyun က နည်းနည်းလေးခေါင်းမော့လာပြီး မျက်ရိပ်မျက်ခြည်နဲ့ တိုးတိုးနေ ဆိုပြီး လုပ်ပြမှ သူ့ပါးစပ်သူ လက်ဖဝါးနဲ့ ပြန်ပိတ်ရင်း
အသံတိတ်သွားတဲ့ လက်ထောက်ကင် ။

အခန်းအတွင်းက တစ်စုံတစ်ယောက်ရဲ့ ဟင်း ခနဲ သက်ပြင်းချသံကြောင့် Baekhyun ခန္ဓာကိုယ် တုန်တက်သွားသည်။
သူ အဆူခံရတော့မယ်ထင်တယ်။

”ကျွန်တော့ကို အဲဒီ့ဆေးပေး ”

လက်ဖြန့်တောင်းလာတဲ့ Chanyeol ကြောင့် လက်ထောက်ကင်က ပေးရနိုးနိုး မပေးရနိုးနိုး စဥ်းစားရကျပ်ကုန်သည်။ ပြီးမှ Chanyeol လက်ထဲ ရောက်သွားတဲ့ ဆေးထုပ်လေး။

Baekhyun က Chanyeol လှုပ်ရှားမှု မှန်သမျှကို မျက်စိဒေါက်ထောက်ကြည့်နေရှာသည်။

ရေကရားကို ငှဲ့လိုက်တော့ ရေခွက်ကြည်ကြည်လေးထဲ ရေတွေက ပြည့်လုနီးနီး..။
ခွက်ကို ယူလာပြီး Chanyeol သူ့အနားရောက်လာသည်။ အိကျသွားတဲ့ ကုတင်တစ်ဖက်ခြမ်း ။

ဘာမှမပြောတာမလို့ မနေနိုင်တဲ့ သူကပဲ အရင်စရတော့သည်။

”Channie ”

လေသံဖျော့ဖျော့က ရေနွေးငွေ့စက်ရဲ့အသံကြား ရေနွေးငွေ့တွေလို ပျောက်ကွယ်သွားသည်။

”လက်ဖြန့် ”

ပြောမဲ့စကားက ဘာလည်းမသိတော့။ သူ့ကောင်လေးရဲ့ လက်ဖြန့်ဆိုတဲ့ စကားအတိုင်း လက်ဖြန့်ပေးလိုက်တော့ ကောင်လေးသည် ဆေးလုံးလေးတွေကို ဖောက်ပြီး တစ်လုံးစီ သူ့လက်ပေါ် တင်ပေးလာ၏ ။

ဆေးထုပ်ကို ခုံပေါ်တင်လိုက်ပြီး တစ်ဖန် ခုံပေါ်က ရေခွက်ကို ထပ်ယူလာသည်။

”သေချာသောက်
ဆေးနင်ဦးမယ် ”

နူးညံ့မှုတွေနဲ့ သူ့ကောင်လေးအသံကြောင့် ငိုချချင်လာသည်။ လက်ထဲက ဆေးလုံးတွေကို ကြည့်ပြီး Chanyeol ကို ထပ်ကြည့်လာတဲ့ Baekhyun။

TOGETHER FOREVER (S2of JUST) {Completed}Where stories live. Discover now