ဘေးနားက ကောင်လေးက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေစဲ...။
စောစောမထတတ်တဲ့ အဆိုးလေးမလို့ နိုးမှာလည်း မဟုတ်လောက်ဘူး...။မှေးမှိတ်ထားတဲ့ မျက်ခွံမို့မို့... ဖြောင့်စင်းနေတဲ့ နှာတံ
နှာခေါင်းပေါ်က မှဲ့နက်သေးသေးလေး
ခပ်ထူထူ နှုတ်ခမ်း
ပြုံးလိုက်ရင် ပေါ်လာတဲ့ ကောင်ဆိုးလေးရဲ့ ပါးချိုင့်နက်နက်
အရာအားလုံးပေါ် ဖြူစင်တဲ့ ချစ်ခြင်းတို့နဲ့ သူမြတ်နိုး၏ ။မနေနိုင်စွာ မှေးမှိတ်ထားတဲ့ မျက်ခွံမို့မို့ထက် နှုတ်ခမ်းတို့ အချိန်ကြာကြာ ဖိကပ်ထားမိသည်။
”အိပ်နေတဲ့ လူကို ခိုးနမ်းတာ ပြစ်မှုပဲနော် byunee ”
အိပ်ချင်မူးတူးနဲ့ သြရှရှအသံက နှုတ်ခမ်းတွန့်ရုံလေး ပြုံးရင်းကနေ ထွက်လာပေမဲ့
မျက်ခွံပေါ်က နူးညံ့တဲ့ အနမ်းက မဖယ်ခွာသေးပေ...။”အဲ့လိုလား? မသိလိုက်ဘူးပဲ
ဘယ်လို ပြစ်မှုမြောက်တုန်း Chanyeol ssi ”လက်နှစ်ဖက်ပေါ် မေးတင်ပြီး Chanyeol ကို သေချာစိုက် ကြည့်လာသည်။
”မနက်ထဲက ဘာလို့ အသည်းယားအောင် လုပ်နေတာလဲ ”
အောက်နှုတ်ခမ်းကို ခပ်သာသာကိုက်ပြီး
Baekhyun ကို အသည်းယားသလိုကို ကြည့်နေတဲ့ Chanyeol က တကယ်လည်း အူယားနေပါပြီ။Baekhyun က မဖြေပေးဘဲ Chanyeol ကိုပဲ အချိန်တော်တော်ကြာ စိုက်ကြည့်နေပြီးတော့
”ငါ့ကောင်လေးက ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းနေတာလဲ ဟင်?
အိပ်နေတာတောင် တစိမ့်စိမ့်ကြည့်ချင်လောက်အောင် ””ဟာ ဗြောင်!! ”
အိပ်နေရာကနေ Chanyeol ထထိုင်လာသည်။
”နိုးလာပြီပဲ! ”
အပြုံးသေးသေးလေးပြုံးရင်းကနေ Baekhyun လည်း ထထိုင်လာသည်။
”ပြောပါဦး... လူကို လ်ိုက်နှိုးနေတဲ့ အကြောင်းလေးကို ”
”Channie.. ”
အသံလေးလေးနဲ့ နာမည်ကို ဆွဲခေါ်လာပြီး Chanyeol နောက်ကျောပြင်ထက် ခေါင်းမှီချလာသည်။ခါးကို လက်နှစ်ဖက်နဲ့ တင်းတင်းဖက်လာပြီး ညဝတ်အင်္ကျီအမဲအောက်က ဗိုက်သားပြင်ထက် လက်နှစ်ဖက်ကို ထိုးထည့်လာ၏
ESTÁS LEYENDO
TOGETHER FOREVER (S2of JUST) {Completed}
Fanficမင်းရှိမှ ငါ့ဘဝက ပြီးပြည့်စုံတဲ့ puzzal တစ်ချပ်ပဲ မင်းရှိမှ ငါ့ဘဝက ပြီးပြည့်စုံတဲ့ puzzal တစ်ချပ်ပဲ ChanBaek Saeson 2 of JUST