🔥2🔥

7K 762 47
                                    

Sajanim တစ်ယောက် tablet ပေါ်က ကြော်ငြာ အတိုလေးကို ကြည့်နေသည်။

”တုံ့ပြန်ချက်လည်း ကောင်းသလို
ရောင်းအားလည်း တစ်နေ့တစ်ခြား တိုးလာပါတယ် ”

အခြေအနေအရပ်ရပ်ကို အစီရင်ခံနေတာ နားထောင်ပြီးနောက် Tablet ပြားကို စားပွဲပေါ်တင်လိုက်၏ ။

”အခြေအနေကောင်းရင် ရပြီ ”

”Company Homepage မှာလည်း Sajanim တို့ နှစ်ယောက်လိုက်ဖက်ကြောင်းတွေပဲ လာရေးနေကြတာများ

Sexy ကျပြီး ဘယ်လောက် attractive ဖြစ်လိုက်လဲ ဆိုတာမျိုးတွေ  ”

လက်နှစ်ဖက်လုံးမြောက်ပြီး အားပါးတရ ပြောနေတဲ့ လက်ထောက်ကင်ဟာ
သူကပဲ ပိုပျော်နေသယောင်ပဲ... ။

”Byun!!
Coffee ဝယ်လာတယ် ”

အခန်းတံခါး ဝုန်းခနဲ ဖွင့်သံနဲ့အတူ အော်ပြောရင်း ဝင်လာတဲ့ Chanyeol ..။ တံခါးမခေါက်ခဲ့ဘူး... ။

ကော်ဖီနှစ်ဘူး ထည့်ထားတဲ့ စက္ကူ Box ထဲက တစ်ဘူးထုတ်ပြီး Baekhyun ရှေ့ အရောက် ချပေးသည်။

”ကျေးဇူး Channie

နေဦး! အမြဲတမ်း လာရင် တံခါးခေါက်ပြီးမှ ဝင်လို့ ပြောထားတယ်နော် ကောင်လေး
ကိုယ့်စကားကို နားမထောင်ပါလား  ”

ကော်ဖီဘူးကိုင်ရင်း Baekhyun ဆူတော့ Chanyeol က တစ်ခါလောက် ခွင့်လွှတ်ပါ ဆိုတဲ့သဘောနဲ့ ..
ချစ်ဖို့ကောင်းအောင် ပါးနားကပ်ကာ လက်ညိုးတစ်ချောင်း ထောင်ပြသည်။
သူ့ရဲ့ Byun မကျေမနပ်ကြည့်တော့ ရယ်ပြလာ၏.. ။

”ကျွန်တော့်အတွက်ရော မပါဘူးလား Chanyeol ssi ”

လက်ထောက်ကင် မျက်မှောင်ကြီးကျုံပြီး မေးတော့

”ဘာလို့ ခင်ဗျားအတွက် ဝယ်လာရမှာလဲ
ကျွန်တော့ ခင်ပွန်း အတွက်ပဲ ပါတာပေါ့

မဟုတ်ဘူးလား Byun ”

လက်ထောက်ကင် ကိုပြောပြီး
Baekhyun စီကပါ ထောက်ခံမဲ ယူနေသေးသည်။
Baekhyun ပါးစပ်ကတော့ မဖြေပေမဲ့ အကြည့်ချင်းဆုံခိုက် မျက်လုံးကနေ တစ်ဆင့် ထောက်ခံပေးလိုက်တယ်လို့ Chanyeol တွေးပြီးသား ။

တစ်ဖန် လက်ထောက်ကင်ကို ကြည့်ပြီး
သူ့လက်ထဲက ကော်ဖီဘူးနဲ့ Baekhyun လက်ထဲက ကော်ဖီဘူးနဲ့ တိုက်ပြီး cheer တောင် သက်သက်လုပ်ပြတဲ့ ကောင်ဆိုးလေးပင် ။

TOGETHER FOREVER (S2of JUST) {Completed}Where stories live. Discover now