🔥8🔥

5.4K 615 83
                                    

ကော်ဖီအိုးထဲက ကော်ဖီတွေကို ခွက်ထဲ လောင်းထည့်လိုက်တော့ အပေါ်ဝေ့တက်လာတဲ့ အငွေ့တွေနဲ့အတူ ခပ်ခါးခါးကော်ဖီနံ့လေးကပါ လှိုက်ခနဲ ....

နောက်ကနေ ခါးကို လာရစ်တွယ်တဲ့ လက်နှစ်ဖက်
ပခုံးပေါ်ကိုခေါင်းတင်လိုက်ပြီး ခေါင်းကို စောင်းကာ လည်ပင်းထက် မျက်နှာအပ်နေရင်းကနေ

”ကျွန်တော့်အတွက်ရော တစ်ခွက် ”

လာကပ်နေတဲ့ ကောင်လေးရဲ့ နဖူးထက် လက်ညိုးနဲ့လက်မကွေးကာ မနာအောင် ခပ်သာသာတောက်ပြီး

”သောက်ချင် ကိုယ့်ဘာသာထည့်သောက်
ငပျင်းကောင်လေးရဲ့ ”

ထည့်ထားတဲ့ ကော်ဖီခွက်ကို မြင့်မြင့်မြှောက်ကာ သင်းနေတဲ့ကော်ဖီ အနံ့ကို Chanyeol နှာခေါင်းထက် ရောက်အောင်ပို့သည်။

”စိတ်ပုတ်လိုက်တာ ”

”အင်း မင်းနဲ့တူလို့ ”

ပြောရင်း လက်တစ်ကမ်းစာမှာရှိနေတဲ့ Chan လို့ စာသားပါတဲ့ အမဲရောင်ကြွေခွက်ကို လှမ်းယူလိုက်ပြီး
ကော်ဖီအိုးထဲက ကျန်နေသေးတဲ့ ကော်ဖီတို့ကို လောင်းထည့်လိုက်လိုက်၏ ။

”ချစ်တယ် Byun ”

အနီးလေးမှာ ကပ်မြင်နေရတဲ့ ပါးပြင်လေးထက် နှာခေါင်းနစ်အောင် နမ်းမိတော့ Byun က သဘောတကျ ရယ်နေတယ်။

အဖြူရောင် ကြွေခွက်ထက်မှာတော့ Baek ဆိုတဲ့ စကားလုံးလေးက လှလှပပ တည်ရှိနေတယ်
ကော်ဖီခွက်ကို ကိုင်ထားတဲ့လက်လေးရဲ့ လက်ချောင်းတစ်ခုထက်မှာတော့ ငွေရောင်လက်စွပ်လေးက အတိုင်းသား

ဒါဟာ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်း သင်္ကေတ တစ်ခု ...

”တောက်တဲ့ ကောင်လေးကိုများ ငါလက်ထပ်ထားတာလား
ကပ်ပြီးရင် ခွာမရတော့ဘူးပဲ ”

Chanyeol သည် Baekhyun ကို ပုံစံမပျက်ဘဲ အခုထိ ကပ်တွယ်နေစဲ ...။

”မွှေးလို့ ”

လည်ပင်းတွေကို နှာခေါင်းနဲ့ တရှုံရှုံနဲ့ လုပ်နေလို့ ယားကျိယားကျိနဲ့ ...

”Yah တော်တော့
ယားတယ် ”

Chanyeol မရပ်ပေးဘဲ မျက်နှာကိုပါ နေရာအနှံ့ နှုတ်ခမ်းနဲ့ တရှုံ့ရှုံ့ လိုက်နမ်းနေသည်။

TOGETHER FOREVER (S2of JUST) {Completed}Where stories live. Discover now