🔥7🔥

4.9K 627 25
                                    

Baekhyun အင်္ကျီလဲဝတ်ပြီး အခန်းထဲ ပြန်ဝင်လာတဲ့ အချိန်မှာ သူ့ရဲ့ အိပ်ပုတ်လေးက လှဲနေလျက် ရှိသေးသည်။
မျက်လုံးတွေတော့ ဖွင့်ထားသည်။
လူက လှုပ်မလာပေမဲ့ မျက်လုံးတွေ ရွေ့ပြီး Baekhyun ကို ကြည့်နေ၏ ။
မျက်စ်ိတလျှောက် လိုက်ကြည့်ပြီးသကာလ
တဝါးဝါး သန်းပြီး လျောကျနေတဲ့ စောင်ကို ပြန်တင်ယူသည်။
နောက်ပြီး ဘေးစောင်းပြီး ပြန်အိပ်သွားတယ် ။

အဆိုးအသွမ်းလေးရဲ့ လှုပ်ရှားမှုတွေကို တစ်ခုမကျန် မျက်တောင် မခတ်ကြည့်ရင်းကနေ
ခေါင်းခါယမ်းကာ အပြုံးနုနုလေး ပြုံးလိုက်မိသည်။ကောင်လေး ဘာလုပ်လုပ် ပြုံးပြီးကြည့်တတ်တာကိုက သူ့အကျင့်ဖြစ်နေတာတော့လည်း...။
စင်ပေါ်တင်ထားတဲ့ လက်ပတ်နာရီကို လှမ်းယူကာ လက်ကောက်ဝတ်ထက် ပတ်နေတုန်းမှာပဲ
ဝုန်းခနဲ အိပ်ရာထက်က ထထိုင်လာသူ...

နာရီယူပြီး ChanYeol ရှိရာဘက်ကို အိမ်စီးဖိနပ်စီးထားတဲ့ ​ခြေထောက်လေးက ဦးတည်သွား၏ ။

Baekhyun အိပ်ယာပေါ်ထိုင်ချလိုက်တာနဲ့ ခါးကို ဖက်ကာ ပခုံးထက် မရရအောင် ခေါင်းတင်လာသည်။

”အလုပ်သွားတော့မယ်လေ
ဒီလိုကြီး ဖက်ထားရင် ကိုယ့် အင်္ကျီတွေ တွန့်ကုန်မှာပေါ့ ”

ကုမ္မဏီသွားဖို့အတွက် ပြင်ဆင်ထားပြီးတာကြောင့် သပ်ရပ်နေတဲ့ Baekhyun ပုံစံနဲ့
အခုထိ အိပ်ရာကတောင် မထ မျက်နှာလည်း မသစ်ရသေးတဲ့ Chanyeol ပုံစံက တခြားစီ...

”ဟေ့ ကောင်လေး
အဆ်ိုးအသွမ်းလေး  ”

”အလုပ်ကြိုးစားတဲ့ လူကို  ယောကျ်ား တော်ထားရတာ
မကောင်းလိုက်တာနော် ”

ဖက်ထားတာကို မဖယ်ပေးဘဲ လက်မောင်းမှာ အားပိုထည့်ကာ ညှစ်ပြီး ဖက်ထားသည်။

”ပြောမရပါလား ငါ့ကောင်လေးက တစ်နေ့ထက်တစ်နေ့ အဆိုးအသွမ်းလေးပိုပိုပြီး ဖြစ်လာတာပဲ ”

ပခုံးပေါ် မေးတင်ပြီး ပွတ်ဆွဲနေတဲ့ ကောင်ဆိုးလေးက ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ် ...
သူ့ချစ်ခြင်းရဲ့ ပြယုဒ်

ဖက်ထားတာကို ဖယ်ခွာပြီး Byun လက်ကို ဆွဲယူလိုက်သည်။တစ်ဖက်လက်ကကိုင်ထားတဲ့ မပတ်ရသေးတဲ့ နာရီကို ယူပြီး သေသေချာချာ ပတ်ပေးနေ၏ ။

TOGETHER FOREVER (S2of JUST) {Completed}Where stories live. Discover now