EXTRA

4K 484 93
                                    

အညိုရောင်လိုက်ကာကြီးကို တစ်ဖက်ဆွဲသိမ်းလိုက်သည်နှင့် အထဲဝင်ဖို့ချောင်းမြောင်းနေသော အလင်းတို့က အခန်းထဲ အလုအယက်ဝင်ရောက်လာသည်။အခုတော့ အခန်းက လင်းထင်းလို့နေ၏..။

ကြောင်ပေါက်လေးလို လည်ပင်းကို တိုးဝှေ့လာတဲ့ ခေါင်းလေး
တစ်ဆက်တည်း ခါးကို ဖက်တွယ်လာတဲ့ လက်တွေကြောင့် Baekhyun ပြုံးလိုက်မိသည်။

”အလင်းစူးလိုက်တာ!
ကျွန်တော် မကြိုက်ဘူးလေ Byunee ”

”Sorry
အောက်က ဆူညံနေလို့ ဖွင့်ကြည့်လိုက်မိတာ
ငါ့ကောင်လေး စိတ်အနှောင့်အယှက်ဖြစ်သွားအောင် လုပ်ဖို့ မရည်ရွယ်ပါဘူး ”

ခေါင်းလေးကို ပွတ်ပေးရင်းပြောတော့ အချွဲလေးက ပခုံးသားကို မထိတထိလိုက်နမ်းနေသေးသည်။

”Byunee ”

”အွန်း
ပြော Chan ”

ဆက်မပြောဘဲ ကောင်ဆိုးလေးက ငြိမ်သွားသည်။သက်ပြင်းတိုးတိုးလေး ချလာပြီးနောက် BaekHyun ကို မေးလာ၏ ။

”ကျွန်တော့ကို ငြီးငွေ့သွားမှာလားဟင်? ”

ထူးဆန်းတဲ့အမေးကြောင့် Baekhyun ပါးစပ်အဟောင်းသားဖြစ်ရသည်။

”ဘယ်သူက ငါ့ကောင်လေးကို ဘာပြောလိုက်လို့လဲ ”

”ဘယ်သူ့မှ မပြောပါဘူး ”

မျက်နှာချင်းဆိုင်လှည့်လာတော့ သိချင်စိတ်တွေပြည့်လျှံနေတဲ့ သူ့ကောင်လေးကို မြင်ရသည်။

”အိမ်ထောင်သက်ကြာလာတော့ ငြီးငွေ့သွားမှာစိုးလို့...

ဖြေပေး
Byunee အဖြေကို ကြားချင်တယ် ”

”ငြီးငွေ့မှုတဲ့လား?....
အင်းးး နောင်အများကြီးထိ ကြိုမမြင်နိုင်ပေမဲ့
အခုထိတော့ ငါ့ကောင်လေး မင်းပေါ်မှာ ငြီးငွေ့တယ် ဆိုတဲ့ ခံစားချက် မဖြစ်ပေါ်ပါဘူး

ချစ်ခြင်းမှာ ငြီးငွေ့တယ်ဆိုတဲ့ စကားစု ကပ်ပါမယ်ဆိုရင်တောင် ငါ့ချစ်ခြင်းမှာတော့ မင်းအတွက် အချစ်နဲ့ ဂရုစိုက််မှုကလွဲပြီး ရှိမယ်မထင်ဘူး ”

Chanyeol လက်ကို ဆွဲယူလာပြီး ဘယ်ဘက်ရင်အုံပေါ် တင်စေပြီး ဆက်ပြောလာသည်။

TOGETHER FOREVER (S2of JUST) {Completed}Where stories live. Discover now