🔥3🔥

6.5K 736 35
                                    

ဘတ်စကတ်ဘောပိုက်ကာ Chanyeol အိမ်ထဲ ပြန်ဝင်လာသည်။
အခုနလေးတင် ထွက်သွားပြီး ချက်ချင်းပြန်ဝင်လာတာကြောင့်...

"သွားဆော့မယ်ဆို
ချက်ချင်း ပြန်လာတာလား "

သောက်နေတဲ့ ကော်ဖီကို ပြန်ချလိုက်ပြီး
လက်ထဲက သတင်းစာကိုပါ ခေါက်တင်ရင်းနဲ့ Chanyeol ကို မေးလာသည်။

"သွားမှာ
ဖိနပ်က အဆင်မပြေလို့ ပြန်လာလဲတာ "

"ဖိနပ်က ဘာဖြစ်လို့လဲ "

မေးရင်းနဲ့ Baekhyun သူ့အနားရောက်လာသည်။

"အောက်ခံက အဆင်မပြေလို့ Byun
စီးရတာ မကောင်းဘူး "

ဖိနပ်ပြန်လဲနေတဲ့ Chanyeol ကို ဘေးကနေ သေချာ ကြည့်ပေးနေသည်။

"အသစ်ဝယ်ပေးရမလား "

"ရတယ်
ကျွန်တော့်မှာ အခြား shoe ရှိတယ်
သွားပြီ Byun "

ဖိနပ်ပြန်ပြောင်းစီးရင်းကနေ Chanyeol အပြင်ပြန်ထွက်သွားတော့သည်။
Baekhyun မှာသာ အဆင်ပြေမဲ့ shoe အသစ် ထပ်ဝယ်ပေးရမလား တွေးနေစဲ.. ။

%&%&*%&%&

အခန်းထဲ ဝင်ဝင်ခြင်း Chanyeol အလောတကြီးမေးလာတာက...

"နောက် တစ်ပတ် ကျွန်တော့်မွေးနေ့ ဘာလက်ဆောင်ပေးမှာလဲ "

"အခု ရောက်သေးလို့လား မေးနေရအောင် "

ပြန်ရောက်ရောက်ခြင်း မေးလာတာက မရောက်သေးတဲ့ မွေးနေ့အတွက် ဘာပေးမှာလဲ တဲ့...။
အလုပ်က ပြန်လာရင် ပင်ပန်းလာလား တော့ တစ်ချက်မမေးဘူး ။
ကောင်ဆိုးလေးဆိုတဲ့ အတိုင်း ဆိုးလိုက်တာ... ။

လက်က နာရီကို ချွတ်ပြီး ခုံပေါ်တင်ကာ
ချန်းယောလ်ရှေ့ ရောက်လာသည်။

"ဘာလိုချင်လို့လဲ "

အနားရောက်လာတာတဲ့ Baekhyun ဆီက
ချွေးနံ့နဲ့ ရောနေတဲ့ ​ခပ်သင်းသင်း ရေမွှေးနံ့ တို့ကို ရ၏ ။ Byun ကို ဖက်မိတော့ ရုန်းသည်။

"ဘာလို့လဲ
ငါ ခုမှ ပြန်ရောက်တာ ချွေးတွေနဲ့
မဖက်နဲ့ "

"ကြိုက်လို့ "

"ချွေးနံ့ကို မင်းပဲကြိုက် "

"ဒီတိုင်း Byun ဆီက ရတဲ့ အနံ့မလို့ကို ကြိုက်တာ
ရေမွှေးနံ့လေးရော "

TOGETHER FOREVER (S2of JUST) {Completed}Où les histoires vivent. Découvrez maintenant