"My Heart For You"
နေသာနေသော နေ့ရက်တစ်ခု
တိုက်ခန်းတစ်ခုတွင်းမှာ အသံတို့ ညံနေ၏ ။ခရမ်းရောင် ဟူဒီကြီးနဲ့ ပေါင်တိုဘောင်းဘီအမဲဝတ်ထားတဲ့ Chanyeol က တံခါးမှာ သံလိုက်နဲ့
ကပ်ထားသလိုကပ်နေပြီး လက်ပိုက်လျက်သားနဲ့ Baekhyun ကို ကြည့်နေသည်။”ဒီနေ့ ရာသီဥတုကောင်းတယ်... အိပ်ရာခင်းတွေ လျှော်ကြမယ် ကောင်လေး
အပြင်ထွက်ပြေးဖို့ မကြံနဲ့ ””ဟွန့်~~~!!! ”
တံခါးဝကနေ သံရှည်ဆွဲပြီး မကျေမနပ် အော်
ညည်းလာတဲ့ အဆိုးလေးကြောင့် အိပ်ရာခင်းတွေ ချွတ်နေရင်း Baekhyun ပြုံးခနဲ ဖြစ်သွားရသည်။အလုပ်ခိုင်းတော့မယ်ဆိုရင် ချိန်းထားတာရှိတယ် မုန့်သွားဝယ်ဦးမယ် စသဖြင့် တစ်ခုမဟုတ်တစ်ခု အကြောင်းပြ လစ်ပြေးတတ်တဲ့ ကောင်ဆိုးလေးတစ်ယောက်ကို Baekhyun ပိုင်ဆိုင်ထားတော့လည်း...
ချွတ်ယူထားတဲ့ အိပ်ရာခင်းတွေကို တစ်ပွေ့တစ်ပိုက်သယ်ပြီး Baekhyun ရေချိုးခန်းထဲ ဝင်တဲ့အထိ
ဘဲနှုတ်ခမ်းနဲ့ Chanyeol သည် တံခါးမှာသာ ကော်နဲ့ကပ်ထားသလို ကပ်နေဆဲ....”အိပ်ယာကို ဖုန်သန့်ရှင်းပြီး အိပ်ရာခင်းစွပ်ပေးမလား
ကိုယ်နဲ့အတူ အဝတ်လာလျှော်မလား ”မဖြစ်မနေ ရွေးချယ်စရာနှစ်ခုပေးလိုက်မှ
ဆောင့်ဆောင့်အောင့်အောင့်နဲ့ ရေချိုးခန်းထဲ Chanyeol ရောက်လာသည်။”တစ်ယောက်တည်း မလုပ်ချင်ပါဘူး
Byunee နဲ့ဘဲ အတူနေမှာပေါ့ ”ကော်ဇလုံပန်းရောင်ကြီးထဲ အိပ်ရာခင်းတွေကို စိမ်ပြီးပြီ...
နင်းလျှော်ဖို့အတွက် ဝတ်ထားတဲ့ဘောင်းဘီရှည်ကိုလိပ်ရန် Baekhyun အိမ်သာဖုံးပေါ် ထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက်...Chanyeol က ဒူးတစ်ဖက်ထောက် ထိုင်ချလာသည်။
ရေစိုနေတဲ့ Baekhyun ခြေထောက်ကို သူ့ပေါင်ပေါ်ဆွဲတင်လိုက်ပြီး ဘောင်းဘီကို တစ်လိပ်ချင်း သေချာ လိပ်ပေးနေတော့ ခြေသလုံးဖြူဖြူလေးတွေက တစ်ထစ်ချင်း အတိုင်းသား ပေါ်လာ၏ ။”အလုပ်လုပ်မယ်ဆိုပြီး ဘာလို့ အရှည်ဝတ်ထားတာလဲ ”
တစ်ဖက်ကို လှန်တင်ပေးပြီပေမဲ့ ဖြူဝင်းနေတဲ့ ခြေထောက်ကို အောက်မချပေး..။ ရေစိုနေတဲ့ ကြမ်းခင်းပေါ် ခြေထောက်လုံးဝမချစေခဲ့... ။ ပေါင်တစ်ဖက်ပေါ်မှာသာ တင်ပေးထားသည်။
YOU ARE READING
TOGETHER FOREVER (S2of JUST) {Completed}
Fanfictionမင်းရှိမှ ငါ့ဘဝက ပြီးပြည့်စုံတဲ့ puzzal တစ်ချပ်ပဲ မင်းရှိမှ ငါ့ဘဝက ပြီးပြည့်စုံတဲ့ puzzal တစ်ချပ်ပဲ ChanBaek Saeson 2 of JUST