အလင်းရောင် ဖြန့်ကျက်လာပြီ ဖြစ်တဲ့ အခန်း...
ဘေးစောင်းအနေအထားနဲ့မို့ မျက်နှာချင်းဆိုင် မြင်နေရတဲ့ ကောင်လေးရဲ့ မျက်နှာလေး
မှေးမှိတ်ထားတဲ့ မျက်ခွံ့မို့မို့လေးတွေကို ဒီတိုင်း ကြည့်နေရတာလည်း သူ့ဘဝရဲ့ ပျော်ရွှင်စရာတစ်ခုပဲ..။
”ချစ်တယ် ငါ့ကောင်လေး ”
ပါးထက် လက်ဖဝါးအုပ်ကာတင်ရင်းနဲ့ ပြောချင်လာတဲ့ ခံစားချက်ကို ဖွင့်ဟမိ၏ ။
ကိုယ်နည်းနည်း ကြွကာ မနိုးသေးတဲ့ ကောင်လေးရဲ့ ပါးပြင်ထက် အနမ်းအချို့ ကြဲချလိုက်ပြီးချိန်
ရုတ်တရက်ကြီး ပါးပေါ်က သူ့ရဲ့ လက်တစ်ဖက်ကို သန်မာတဲ့ လက်ဖဝါးကြီးတွေရဲ့ ဆုပ်ကိုင်ခြင်းခံလိုက်ရပြီး လူက ပက်လက်နဲ့ ခေါင်းအုံးပေါ် ပြန်ကျသွားရသည်။
”Channie ”
ဘေးဘက်က်ို လက်တစ်ဖက်ထောက်ကာထားပြီး
အပေါ်က အုပ်မိုးကာ သူ့ကို ခပ်ပြုံးပြုံး ကြည့်နေတဲ့ အဆိုးလေး
အိပ်ရာထစမျက်နှာလေးထက် မျက်လုံးလေးတွေက ဖောင်းအစ်အစ်ဖြစ်လို့
ပုတ်ခတ်ပုတ်ခတ်မျက်တောင်လေးတွေနဲ့အတူ Baekhyun ကိုကြည့်နေသည်။ကြည့်နေရင်းကနေ ခေါင်းငုံ့လာပြီး သူ့နှုတ်ခမ်းပါးထက် ခပ်ဖွဖွ အနမ်းတစ်ချက်က ခိုနားလေသည်။အစက ရုတ်တရက်မို့ လန့်သွားတဲ့ Baekhyun ရဲ့ မျက်နှာဟာလည်း အနမ်းတစ်ချက်အောက်မှာ ချက်ချင်း ကြည်လင်လာ၏
”ငါ့ကောင်ဆိုးလေးက လန့်အောင် လုပ်ပြန်ပြီ ”
Byun ရဲ့ ဆံပင်တွေနဲ့ အုပ်နေတဲ့ နဖူးပြင်ထက်လည်း အနမ်းနုနုက ထပ်မံ ခစားလေ၏။
”ချစ်တယ် ကျွန်တော့ Byun ”
Baekhyun ပြုံးလိုက်မိသည်။နှစ်နှစ်ခြိုက်ခြိုက်ကြီးကို...။
”ချစ်လည်း ငါ့ပေါ်က ထတော့
ဘယ်နဲ့ ကြက်ဖကြီး ဥဝပ်နေတာကျလို့ ”ပြောလေဆိုးလေ ဆိုသလို အဆိုးလေးက ထမလာဘဲ Baekhyun မျက်နှာနဲ့ ပခုံးကြားနေရာကို
မျက်နှာအပ်ကာ မှောက်ချလာလို့ သူ့မှာ လည်ပင်းတစ်ဖက် စောင်းထားရသေးသည်။
Chanyeol လက်တွေဟာလည်း ဘေးဘက်ကို ပြန့်ကားထားပြီး Baekhyun လက်မောင်းတွေကို အပေါ်က ထိန်းထား၏ ။
YOU ARE READING
TOGETHER FOREVER (S2of JUST) {Completed}
Fanfictionမင်းရှိမှ ငါ့ဘဝက ပြီးပြည့်စုံတဲ့ puzzal တစ်ချပ်ပဲ မင်းရှိမှ ငါ့ဘဝက ပြီးပြည့်စုံတဲ့ puzzal တစ်ချပ်ပဲ ChanBaek Saeson 2 of JUST