အခန်း(၁၇)

39 1 0
                                    

(မွေးစားဖေဖေ)

ရုပ်ဆိုးမင်းသားလေးကမျက်နှာတွင်ပေကျံနေသည့်သွေးများကိုလက်ဖြင့်ပွတ်သုတ်လိုက်သည်။

“ဘာမှမဖြစ်ပါဘူးနောင်တော်"

“ဘာမှမဖြစ်ဘူးဟုတ်လား။ညီတော်နှာခေါင်း
သွေးတွေယိုနေတယ်လေ"

“ဘာမှမဖြစ်ပါဘူးဆို”

“ဘာမှမဖြစ်ရင်နှာခေါင်းသွေးကဘာဖြစ်လို့ယိုတာလဲ”

“ညီတော်ပက်လက်လှန်ပြီးအိပ်လိုက်ရင်
ရပ်သွားမှာပါ။အရင်လည်းဖြစ်နေကျပါ"

“ဖြစ်နေကျဟုတ်လား။ဘယ်အချိန်ကစဖြစ်တာလဲ။ဘာဆေးမှမသောက်ဘူးလား”

“ဆေးသောက်စရာမှမလိုတာ”

“ဘာဖြစ်လို့မလိုရမှာလဲ”

“ခဏနေကျရင်ရပ်သွားမှာလေ။နောင်တော်မစိုးရိမ်ပါနဲ့”

“မစိုးရိမ်နဲ့ဟုတ်လား။ညီတော့်ဆီကနေနောင်
တော်မကြားချင်ဆုံးစကားကအဲဒီစကားပဲ။ဘာပဲ
ဖြစ်ဖြစ်တစ်ယောက်တည်းပဲကြိတ်ခံမယ်လို့စဉ်းစားထားတာလား။နောင်တော့်ကိုစိတ်ဆင်းရဲ
အောင်လုပ်ရတာအဲလောက်တောင်ပျော်စရာ
ကောင်းနေလား”

“ညီတော်မပျော်ပါဘူး”

“ဒါဆိုဘာဖြစ်လို့နောင်တော့်ကိုအထင်လွဲအောင်လုပ်ရတာလဲ”

“နောင်တော့်ကိုဘုရင်ဖြစ်စေချင်လို့ပါ"

“နောင်တော်ဘုရင်ဖြစ်သွားရင်ညီတော်က
တကယ်စိတ်ချမ်းသာမှာလား”

“အနဲဆုံးတော့ပယင်းပြည်နယ်ကစော်ဘွား
ကတော်ကြီးလိုနောင်တရစရာမလိုဘူးလေ"

“ညီတော်ကမယ်ဘုရားပြောတဲ့စကားတွေ
ကြောင့်နောင်တော့်ကိုစွန့်လွှတ်လိုက်တာလား"

“မယ်ဘုရားပြောတဲ့စကားတွေကြောင့်မဟုတ်ပါဘူး။နောင်တော်တို့တိုင်းပြည်မှာဒီလိုစည်းကမ်းချက်မျိုးရှိနေသ၍နောင်တော့်ကိုညီတော်ဘယ်တော့မှလက်မခံဘူး။

ညီတော့်စိတ်ထဲမှာညီတော့်ကြောင့်နောင်တော့်ကိုဂုဏ်တက်စေချင်တာပဲရှိတယ်။ညီတော့်
ကြောင့်နောင်တော့်ဘဝကိုမှေးမှိန်မသွားစေ
ချင်ဘူး။နိမ့်ကျမသွားစေချင်ဘူး”

You've reached the end of published parts.

⏰ Last updated: Mar 13, 2021 ⏰

Add this story to your Library to get notified about new parts!

The Ugly Prince(season-3)(U&Z)Where stories live. Discover now