အခန်း(၃)

25 1 0
                                    

“စံနမူနာ”

ရုပ်ဆိုးမင်းသားလေးကအမတ်ကြီးသုဝေဒကိုတာဝန်ပေးပြီးနောက်စစ်သူကြီးဘက်ကိုမြားဦးလှည့်သွားသည်။

“အသင့်ကိုလည်းကျွန်ုပ်တာဝန်တစ်ခုပေးစရာရှိတယ်”

“အမိန့်ရှိတော်မူပါဘုရား”

“အသင်ဒီနေ့မြို့ထဲကိုသွားပြီးတောင်းရမ်းစား
သောက်နေတဲ့လူတွေကိုလိုက်ရှာပါ။တွေ့
ရင်ကျွန်ုပ်ဆီခေါ်လာခဲ့”

“မှန်လှပါဘုရား။ကျွန်တော်မျိုးမင်းသားလေးကိုတစ်ခုမေးချင်ပါတယ်”

“မေးပါ”

“မင်းသားလေးအနေနဲ့အကြောင်းမဲ့သက်သက်ဒီကိစ္စကိုခိုင်းမှာမဟုတ်ဘူးဆိုတာကျွန်တော်မျိုးသိပါတယ်ဘုရား။ဒီကိစ္စကိုခိုင်းစေရခြင်းရဲ့အကြောင်းရင်းမှန်ကိုကျွန်တော်မျိုးသိချင်ပါတယ်ဘုရား”

“ကျွန်ုပ်ဒီကိစ္စကိုခိုင်းစေရခြင်းရဲ့အကြောင်းရင်းကကျွန်ုပ်ရတနာပူရတိုင်းကိုရောက်သွားတဲ့အချိန်တုန်းကအတွေ့အကြုံတွေနဲ့ဆက်စပ်နေတယ်။

ကျွန်ုပ်ရတနာပူရတိုင်းကိုရောက်သွားတော့
မှတ်လောက်သားလောက်စရာကိစ္စရပ်တော်တော်များများကိုတွေ့ကြုံခဲ့ရတယ်”

“ဘယ်လိုကိစ္စရပ်များပါလဲဘုရား”

“ဘယ်လိုကိစ္စတွေလည်းဆိုတော့ပထမတစ်
ချက်ကဘုရင့်အမှုထမ်းဆိုတဲ့လူတွေကပြည်
သူတွေရဲ့အခွန်ကိုစားပြီးပြည်သူတွေကိုအလုပ်အကျွေးမပြု ကြဘူး။အမှုထမ်းဆိုတဲ့အာဏာကိုသုံးပြီးပြည်သူတွေကိုအနိုင်ကျင့်ကြတယ်။

ဒုတိယအချက်ကဂျင်ဝိုင်း၊ဖဲဝိုင်းနဲ့ကြက်ဝိုင်းဆိုတဲ့လောင်းကစားဝိုင်းတွေမှာနိုင်ငံတော်ရဲ့အင်အားဖြစ်တဲ့အရွယ်ကောင်းယောက်ျားသားတွေစုပုံနေတယ်။

ကံကောင်းတာတစ်ခုကကျွန်ုပ်တို့တိုင်းပြည်က
လောင်းကစားမှုကင်းရှင်းတဲ့တိုင်းပြည်ဖြစ်နေ
တယ်။

ရတနာပူရကတော့လောင်းကစားမှုကို
အကြောင်းပြု ပြီးလူငယ်တွေကရေသာခို
အချောင်လိုချင်ကြတယ်။ကြိုးစားအားထုတ်
မှုကတော့ဗလာနတ္ထိပဲ။

The Ugly Prince(season-3)(U&Z)Where stories live. Discover now