အခန်း(၁၀)

17 1 0
                                    

(ဘုရင်မနန်းတက်ပွဲ)

ဆားတောင်ပြည်၏ဘုရင်မနန်းတက်ပွဲတွင်ခန်းမထဲသို့ဝင်လာမည့်ဘုရင်မလျောင်းလျာကိုဧည့်သည်တော်များကစောင့်မျှော်နေကြသည်။

မိုးနဂါးမင်းသားကတော့အထူးပြောစရာမလို။သူစောင့်မျှော်နေတာကဘုရင်မလောင်းလျာမဟုတ်။သူ့ညီတော်ရုပ်ဆိုးမင်းသားလေးကိုသာစောင့်မျှော်နေမိခြင်းဖြစ်သည်။

မကြာမီသံစုံတူရိယာတီးမှုတ်သံများထွက်ပေါ်လာသည်။ဘုရင်မလောင်းလျာခန်းမထဲသို့ဝင်လာသောအခါမိုးနဂါးမင်းသားကမျှော်လင့်
တကြီးနှင့်ကြည့်လိုက်မိသည်။သို့သော်သူမျှော်လင့်သလိုဖြစ်မလာ။ဘုရင်မ၏နောက်တော်ပါးတွင်ညီတော်လေးပါမလာ။

နန်းပုလ္လင်ပေါ်တက်မည့်ဘုရင်မကိုခြံရံပြီးလိုက်ပါလာတာကအမတ်ကြီးသုဝေဒနှင့်ဆင်ဖြူ
မင်းသားဖြစ်နေသည်။

ဧည့်ပရိသတ်တွေအားလုံးသို့လောသို့လောဖြစ်ကုန်ကြသည်။ဆားတောင်ပြည်ဘုရင်မနန်း
တက်ပွဲတွင်မောင်တော်အရင်းအချာဖြစ်သည့်
ရုပ်ဆိုးမင်းသားလေးကပါမလာဘဲဆင်ဖြူ မင်းသားကအဘယ့်ကြောင့်ပါလာရပါသနည်း။

မိုးနဂါးမင်းသားကရုပ်ဆိုးမင်းသားလေးကိုပရိ
သတ်ထဲတွင်လိုက်ရှာမိပြန်သည်။နန်းတက်ပွဲ
အခမ်းအနားသာပြီးဆုံးသွားသည်။ရုပ်ဆိုးမင်းသားလေးကိုရှာမတွေ့ပေ။

နှင်းပွင့်မင်းသမီးကတော့ဆားတောင်ပြည်၏ဘုရင်မဖြစ်သွားခဲ့ပြီ။ညီတော်ရုပ်ဆိုးမင်းသားလေးကတော့ဘယ်ဆီဘယ်ဝယ်ရောက်နေလေသည်မသိ။

ဆင်ဖြူ မင်းသားကတော့သူ့ကိုလာနှုတ်ဆက်သည်။သူ့ဘက်ကပြန်နှုတ်မဆက်မိဘဲညီတော်လေးဘယ်မှာလဲဟုသာမေးမိသည်။ဆင်ဖြူ မင်းသားကလည်းအားကိုးရရှာသည်။ခေါင်းကိုခါရမ်းပြပြီးနန်းတော်ထဲမှာမရှိဘူးဟုသာပြောသည်။

မိုးနဂါးမင်းသားစိတ်ထဲတွင်ဘဝင်မကျ။နန်းတော်ထဲမှာညီတော်လေးမရှိနေတာကိုလူတိုင်း
ကဘာလို့အေးအေးဆေးဆေးဖြစ်နေရတာလဲ။ဒါကအရေးကြီးတဲ့ပွဲမဟုတ်ဘူးလား။အိမ်ရှင်ကဘာလို့မရှိရတာလဲ။

ဆင်ဖြူ မင်းသားကတော့နန်းတက်ပွဲကိုကြွရောက်လာကြသည့်ဧည့်ပရိတ်သတ်တွေကိုလိုက်ပြီးဧည့်ခံနေသည်။ဘုရင်မသွားရာနောက်ကိုတကောက်ကောက်လိုက်နေသည်။သူ့ပုံစံကအိမ်ရှင်နှင့်ပင်တူနေသေးသည်။

The Ugly Prince(season-3)(U&Z)Tempat cerita menjadi hidup. Temukan sekarang