(ရုပ်ဆိုးမင်းသားလေး၏သောက)
ဆားတောင်ပြည်ဘုရင်ကြီး၏ဈာပနအခမ်းအနားပွဲအပြီးတွင်ရုပ်ဆိုးမင်းသားလေးကသူ့အဆောင်တော်သို့ပြန်လာခဲ့သည်။
အမတ်ကြီးသုဝေဒကသူ့ကိုစာတစ်စောင်ပေးလိုက်သည်။ခမည်းတော်ကသူ့အတွက်သီးသန့်ရေးထားခဲ့သည့်စာဟုပြောသည်။ရုပ်ဆိုးမင်းသားလေးကခည်းတော်၏စာကိုဖတ်ကြည့်လိုက်သည်။
“သားတော်လေး……
ခမည်းတော်အမြဲတမ်းဂုဏ်ယူခဲ့ရတဲ့သားတော်လေး။
သားတော်ဒီစာကိုဖတ်နေတဲ့အချိန်မှာခမည်း
တော်ကဘဝတစ်ပါးကိုပြောင်းရွှေ့သွားပြီဆိုတာသေချာပါတယ်။ခမည်းတော်မရှိတော့တဲ့အချိန်ကျရင်ပြည်သူ
တွေကိုသားတော်ကစောင့်ရှောက်ပေးလိမ့်မယ်လို့ခမည်းတော်ယုံကြည်ထားပါတယ်။သားတော်အပေါ်မှာဖခင်တစ်ယောက်ရဲ့တာ
ဝန်မကျေပွန်ခဲ့တဲ့အတွက်ခမည်းတော်ကိုခွင့်လွှတ်ပေးပါ။ဘုရင့်သားတော်အဖြစ်နဲ့မွေးဖွားလာရပြီးမင်းသားတစ်ပါးရဲ့စည်းစိမ်ကိုမခံစားရဘဲမွေးကတည်းကဒုက္ခတွေကိုပဲခံစားစေခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်။
အဖေ့ရဲ့သားလေး…မွေးကတည်းကမျက်နှာဖုံးတပ်ပြီးအချုပ်အနှောင်ခံရတဲ့ဘဝနဲ့နေခဲ့ရတဲ့အတွက်ခမည်းတော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
သားတော်ကိုအကာအကွယ်မပေးနိုင်ခဲ့ဘဲ
ငယ်ရွယ်နုပျိုတဲ့ဘဝကိုပါစွန့်လွှတ်စေခဲ့မိတဲ့အတွက်ပိုလို့တောင်စိတ်မကောင်းဖြစ်ရပါတယ်။သားတော်အတွက်ရွှေနန်းစည်းစိမ်ကိုမပေး
စွမ်းနိုင်ခဲ့ဘဲဆင်းရဲနုံချာတဲ့တိုင်းပြည်နဲ့မပြည့်စုံ
တဲ့ပြည်သူတွေရဲ့ဘဝကိုပဲပေးခဲ့မိတဲ့အတွက်ဒီအသုံးမကျတဲ့အဖေကိုခွင့်လွှတ်ပေးပါ။အရွယ်ရောက်ပါပြီဆိုကတည်းကဖခင်ရဲ့အ
ရှိန်အဝါကိုမခံစားရဘဲကိုယ့်အားကိုယ်ကိုးပြီး
ကြိုးစားခဲ့ရတဲ့သားတော်လေးအတွက်ဒီအဖေကစိတ်မကောင်းဖြစ်ရသလောက်ကိုဂုဏ်လည်းယူခဲ့မိတယ်။အရွယ်နဲ့မလိုက်အောင်စဉ်းစားတွေးခေါ်
တတ်ပြီးပြည်သူတွေရဲ့ဘဝကိုမြှင့်တင်ပေး
နိုင်ဖို့အမြဲတမ်းကြိုးစားနေတဲ့သားတော်လေး
ရဲ့ရည်မှန်းချက်တွေအောင်မြင်ပြည့်စုံပါစေလို့ဒီအဖေကဆုတောင်းပေးပါတယ်သားတော်။အဖေတမလွန်ဘဝကနေလည်းဆုတောင်းပေးနေပါ့မယ်”
YOU ARE READING
The Ugly Prince(season-3)(U&Z)
Fantasyရုပ်ဆိုးမင်းသားလေးရဲ့ဆန္ဒ- "ကျွန်ုပ်ရဲ့တိုင်းပြည်ကိုတည်ဆောက်နေတဲ့အချိန်မှာအရက်သမား၊လောင်းကစားသမားနဲ့သူတောင်းစားတွေကိုကုမရတဲ့မွေးရာပါရောဂါတစ်ခုလိုမျိုးအမြစ်တွယ်ပြီးပါမလာစေချင်ဘူး" ရပ်ဆိုးမင်းသားလေးနဲ့အိမ်ယာမဲ့ပြည်သူများ- "အသင်တို့အားလုံးအိမ်ယာပိုင်ဆို...