အခန်း(၁၄)

17 0 0
                                    

(စော်ဘွားကြီး၏နောက်ကြောင်းရာဇဝင်)

မိုးနဂါးမင်းသားကပေရွက်တစ်ထပ်ကိုထုတ်ပြီး
ပထမဆုံးပေရွက်ကိုဖတ်ကြည့်လိုက်သည်။ပယင်းပြည်နယ်မှအကြောင်းများကိုရေးထားသည်။

ရတနာပူရမှအပြန်တွင်ရုပ်ဆိုးမင်းသားလေးဒဏ်ရာရခဲ့သဖြင့်မိုးနဂါးမင်းသားကပယင်းနန်းတော်သို့ခေါ်ဆောင်သွားပြီးဆေးကုပေးခဲ့သည်။

တစ်နေ့တွင်ပယင်းနန်းတော်မှစော်ဘွား
ကတော်ကြီးကရုပ်ဆိုးမင်းသားလေးကိုလာ
ကြည့်ရင်းမေးခွန်းတစ်ခုမေးလိုက်သည်။

“မိုးနဂါးမင်းသားကိုဘယ်လိုမြင်လဲ”

စော်ဘွားကတော်ကြီးကမိုးနဂါးမင်းသား
အကြောင်းကိုအဆက်အစပ်မရှိကောက်ကာ
ငင်ကာမေးလိုက်ခြင်းဖြစ်သည်။သို့သော်ရုပ်ဆိုးမင်းသားလေးကချက်ချင်းအဖြေပေးသည်။

“နောင်တော်ကအရမ်းတော်တဲ့မင်းသားတစ်ပါးပါ”

“သူကပြည်သူတွေအတွက်မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်လာလိမ့်မယ်လို့မင်းသားလေးထင်လား”

“ထင်ပါတယ်”

“ဘာဖြစ်လို့ထင်တာလဲ”

“နောင်တော်ကကြင်နာတတ်တဲ့နှလုံးသားရှိတယ်။ပြီးတော့မှန်ကန်ဖြောင့်မတ်တဲ့စိတ်ထားလည်းရှိတယ်။ပြည်သူတွေရဲ့ဘဝကိုအေးချမ်းစေမဲ့သူပါ”

ရုပ်ဆိုးမင်းသားလေး၏အဖြေစကားကြောင့်စော်ဘွားကတော်ကြီးကမချိပြုံးပြုံးလိုက်မိသည်။သူမ၏အပြုံးတွင်နာကျင်မှုတချို့ရောစွပ်နေသည်။

“စော်ဘွားကြီးလည်းတစ်ချိန်တုန်းကအဲဒီလိုလူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်ုပ်ကတကိုယ်ကောင်းဆန်စွာနဲ့သူ့ဘဝကိုဖျက်ဆီးခဲ့မိတယ်”

ရုပ်ဆိုးမင်းသားလေးအံ့အားသင့်သွားမိသည်။

“စော်ဘွားကတော်ကြီးဘာကိုဆိုလိုတာလဲ"

“ဟုတ်ပါတယ်။စော်ဘွားကြီးရဲ့နောက်ကြောင်းရာဇဝင်ကိုမသိရင်ကျွန်ုပ်ပြောတဲ့စကားတွေကိုမင်းသားလေးနားမလည်နိုင်ပါဘူး”

“ကျွန်ုပ်နားလည်အောင်ရှင်းပြပေးလို့မရဘူးလား”

“ရပါတယ်။ပထမဆုံးပြောပြချင်တာကကျွန်ုပ်ကမိုးနဂါးတိုင်းသားမဟုတ်ဘူး”

The Ugly Prince(season-3)(U&Z)Où les histoires vivent. Découvrez maintenant