Unicode
တစ်နေ့တာလုံး ပင်ပန်းလာ ၍
သူငယ်ချင်းဖြစ်သူ ရဲ့ anni တွင် အရက်သောက်ရန်ခေါ်သည်တောင် လိုက်မသွားဖြစ်ခဲ့။
သူတို ့နှစ်ယောက်စလုံး သည် ချစ်သူတွေက နဘေးတွင် ရှိနေတော့ တစ်ယောက်သော သူအား သတိရမိမည်စိုး၍ မသွားတာလည်းပါသည်။ပင်ပန်းမှုကြောင့် ရေမိုးချိုးရန်ပင် မတတ်နိုင်တော့။
တိုက်ခန်းသို ့ရောက်သည်နှင့်
မွေ ့ယာ ပေါ်သာ မှောက်ချကာ တစ်ရေးတစ်မော အိပ်မိသည်။
အိပ်မပျော်ခင် မိမိကုတင် ခေါင်းရင်းတွင် ချိတ်ဆွဲ ထားသည့် ဓာတ်ပုံလေးအား အမြတ်တနိုး ကြည့်ရသေးသည်။
ဒါသည်လည်း တာဝန်တစ်ခုပင် ။
သိပ်တွေ ့ချင်လွန်းနေသော်လည်း ပြန်မလာချင်သူကြောင့် ဘာမှမတတ်နိုင်။
လေ လှိုင်းချစ်သူ ဖြစ်ရတာကိုပင် ကျေနပ်ရမလို။
စိတ်ကူးထဲ မှ ထို ဓာတ်ပုံလေးအား အနမ်းလှလှလေးတစ်ပွင့်ပေးပြီး အိပ်စက်ခြင်းဆီသို ့။"". .တီ...တီ...''''
"". .ထယ်...ထယ်ယောင်း...'''
"". .တီ..တီ...''''
"". .ထယ်ယောင်း...'''
တစ်ခဏ မှေးခနဲ အိပ်ပျော်သွား ချိန် တိုက်ခန်း မှ ဘဲလ် အား အသားကုန်နှိပ်ကာ နာမည်အော်ခေါ်နေမှုကြောင့်
အိပ်ချင်နေသည့် မျက်လူံးများအား ပွတ်သပ်ကာ အိပ်ယာပေါ်မှ ထရသည်။
အသံအား သေချာ နားထောင်ကြည့်တော့ သူငယ်ချင်းကောင်းကြီး ဟိုဆော့ပင်။
ပတ်ထားသည့် လက်ပတ်နာရီ အား ကြည့်လိုက်တော့ ည တစ်နာရီ တိတိ။
ဒီလို အချိန်မျိုး သူ ့ရဲ့အချေလေး နှင့်အတူရှိရမှာဖြစ်ပေမယ့် ထူးထူးခြားခြား ကိုယ့်အိမ်လာခြင်း။
စိတ်ထဲတော့ သိပ်မကြည်။
ဒီကောင်သည် ပျော်စရာ ကိစ္စ ကြောင့်လာတာ မဟုတ်မှန်းအတပ်သိသောကြောင့်။တိုက်ခန်းတံခါး အား ဖွင့်လိုက်သည်နှင့် ထယ်ယောင်းအား တစ်ချက်ပင် မကြည့်။
ကိုင်လာသည့် ကုတ်အကျီ ်အား ထယ်ယောင်းလက်ထဲ ထည့်ပေးလိုက်သည်။
ဝတ်လာသည့် ဖိနပ်အား ဖြစ်ကတက်ဆန်း ချွတ်လိုက် ၍ ထယ်ယောင်းကပင် ဖိနပ်စင်ပေါ် တင်ပေးရသည်။
လေးတွဲတွဲ ခြေလှမ်းတို ့နှင့်
ထယ်ယောင်းတိုက်ခန်းရှိ အရက်barလေး တွင် ဝင်ထိုင်၏။
ထယ်ယောင်းသည်လည်း ဘာမှ မေးမြန်မနေဘဲ ဝိုင် တချို ့အား ငှဲ ့ကာ ပေးလိုက်၏။
YOU ARE READING
HEllO Dear One
FanfictionSOPE Hello Dear One မင်းမသိခဲ့တာက မင်းနာကျင်တိုင်းငါလည်း နာကျင်ရတာကိုပေါ့ ဲကြင်နာခြင်းတွေသာ မင်းကရယူပါ ငါကတော့ မင်းပေးတဲ့နာကျင်ခြင်းတွေ နဲ့အသားကျနေလို ့ Sorry if i hurt you Just fanfiction Just my creation Too much drama Warning-Depression,Self-h...