Unicode
၅လနီးပါး video call နှင့်သာ ဆုံရသည်မို ့ ယခု အပြင်မှာ တွေ ့ရန် စိတ်လှုပ်ရှားနေမိသည်။ ...လေဆိပ်ကို လာကြိုမည် ဆိုတော့ အကြိုမခံသည့် ကလေးငယ်ကြောင့် ချက်ချင်းတွေ ့ချင်ပေမယ့် မတွေ ့ရ။ အရာရာ ကလေးငယ် ဖြစ်စေချင်သလို နေပေးတတ်တာ ကိုယ့်ရဲ့ အကျင့်တစ်ခု လိုပင်။
တိုက်ခန်း ၏ bell မည်သံကို သာ နားစွင့်ရင်း အခန်းတစ်ခုလုံး ပြောင်နေအောင် ရှင်းလင်းရသည်။.. ထမင်းဟင်း မချက်တတ်ပေမယ့် ကလေးငယ် ကြိုက်သည်ဟု ပြောဖူးသော ဟင်းမျိုးစုံကို ဝယ်ထား ရသည်။ TV ဘာညာ ကြည့်ရင်း သားရေစာ အဖြစ်စားရန် မုန့်မျိုးစုံ ဝယ် ထား သည်။ ကလေးငယ်အတွက် အိပ်ခန်းကိုလည်း နှစ်လိုဖွယ် ဖြစ်အောင် ပြင်ထားသည်။
လူတစ်ယောက်အတွက် လိုလိုချင်ချင် လုပ်ပေးနေရခြင်း က တစ်ကယ်ကို ကြည်နူးဖွယ်ကောင်း၏။ ပင်ပန်းခြင်းဆိုသည်က စာမဖွဲ့လောက်စရာ ပင်။
မည်လာသော တံခါးBell သံ ကြောင့် ခြေမကိုင်မိ လက်မကိုင်မိ ။ ဒုတိယ တစ်ချက် နှိပ်မှသာ တံခါးကို ဖွင့်ပေးမိသည်။
ကျွန်တော့်ချစ်သူက လူသားတစ်ယောက် မဟုတ်။ အင်မတန်မှကို ဆွဲဆောင်မှုလည်းရှိ၊ ခန့်ညားမှုတွေ ပြည့်ဝပြီး ချစ်စရာလည်း ကောင်းလွန်းသည့် နတ်သားလေး တစ်ပါး ဖြစ်သည်။
"". .ထယ် ..ဟားဟား...'''
မျက်နှာရှေ ့လက်ယမ်း ပြကာ ဟက်ဟက်ပက်ပက် ရယ်နေသော ကလေးငယ်။ ကိုယ်ကလည်း ကြောင်ကြည့်နေကာ အိမ်ထဲခေါ်ရန်ပင် မေ့နေသည်ကိုး။
"". .အာ..အဟမ်း...'''
"". .ထယ် ကြည့်ပါဦး...ဆံပင်တွေလည်း ရှပ်ပွနေတာဘဲ...အကျီ ်မှာလည်း ဘာတွေပေနေ တာလည်း..ဘောင်းဘီကိုလည်း ဘယ်လိုဖြစ်လို တစ်ဖက် လိပ်တင်ထားတာတုန်း.. '''
တံခါးဘေးမှ မှန်ပြင်တွင် ပေါ်နေသော ကိုယ့်ရုပ်ကို အသည်းအသန် ပြူးကြည့် ရသည်။ ကျစ် တကယ်ကို ပေ ပွနေတာ။ အကျီ််သည်လည်း ဟင်းတွေ ထည့်ရင်းက ဆီစွန်းသွားခဲ့တာဖြစ်မည်။ စိတ်ရှုပ်လို ့လိပ်တင်ထားသော ဘောင်းဘီကိုလည်း ခပ်မြန်မြန် ပြန်ဖြေချရသည်။...ဒီလိုပုံစံ ကြောင့် ဘေ ဘီက ထားပြစ်ခဲ့ရင် ဒုက္ခ...
YOU ARE READING
HEllO Dear One
FanfictionSOPE Hello Dear One မင်းမသိခဲ့တာက မင်းနာကျင်တိုင်းငါလည်း နာကျင်ရတာကိုပေါ့ ဲကြင်နာခြင်းတွေသာ မင်းကရယူပါ ငါကတော့ မင်းပေးတဲ့နာကျင်ခြင်းတွေ နဲ့အသားကျနေလို ့ Sorry if i hurt you Just fanfiction Just my creation Too much drama Warning-Depression,Self-h...