4

367 44 11
                                    

Unicode

ခါးထက်တွင် တင်းကျပ်စွာ ဖက်တွယ်ထားသော လက်တစ်စုံကြောင့် အလန့်တစ်ကြား ဖယ်ချမိသည်။
စိတ်တိုတို ဖြင့် ပုခုံးမှ ကိုင်ကာ ဆွဲ လှုပ်နှိုးရန် လက်ရွယ် ချိန်
နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတဲ့ သူ ့မျက်နှာလေးကြောင့် လက်တို ့တွန့်ဆှုတ် ရပြန်သည်။

အမြဲတမ်းလိုလို ပူဆွေးသောကတွေ နှင့် ကြုံတွေ ့နေရသည့် သူက အိပ်နေချိန်တွေ ဆို အအေးချမ်းဆုံး ပင်။
သူ ့ကို အမြဲတမ်းအေးချမ်းတဲ့ ဘဝမျိုးလေးမှာဘဲ တွေ ့မြင်ချင်သည် ။

သူ ့ဘဝ ထဲ ကိုယ်ရောက်လာ ချိန်မှ စ၍ သူ့ဘဝသည် အမှောင် အတိ ဖြစ်ခဲ့သည်။

ထိုသည့်တိုင် စိတ်မနာ နိုင်ဘဲ အမြဲ တွယ်ကပ် နေသောကြောင့် သူ့ကို မြင်တိုင်း ကိုယ့်ကိုယ်ကို မုန်းမိသည်။

သူ့ကို နာကျင်စေသော ကိုယ့်ဆီမှ သူ့ကို လွတ်မြောက်စေချင်သည့် စိတ်ရင်းမှန်ကို သူကမမြင်တတ်။

အချစ်မရှိသည့် အိမ်ထောင်ရေးကို မက်မောနေသည့် သူ ့ကိုလည်း ကိုယ့်ဆီမှ တွန်းထုတ်ချင်ပါသည်။

သို ့သော်...နားလည်ရခက်သော ကိုယ့်နှလုံးသား၏ အခြားတစ်ဖက်သည် သူ့ရင်ခွင်ထဲ အခြားသူ ရောက်နေချိန်တွင် ပုံမှန်မတည်ငြိမ် ဘဲ ခံရခက်သည့် ခံစားချက်ကြီးက
နှိပ်စက်၏။
အတိတ်တွေကြောင့် ဘဲ ဖြစ်နိုင်ပါသည် လေ။
သစ္စာ ဖောက်တတ်သူတွေအား မုန်း၍ သာ ဖြစ်နိုင်ပါသည်။

သူ့ဘဝထဲသို ့ စတင်ဝင်ရောက်ချိန် သည်တော့.....

"". .ယွန်းဂီ...ထွက်လာစမ်း...'''

ဘောင်ခတ်ထားသော ဓာတ်ပုံ လေးတစ်ပုံအား ရင်ခွင်ထဲ ပိုက်ကာ အခန်းထောင့်လေးတွင် ငြိမ်သက်စွာ ထိုင်နေမိသည်။
ချစ်တတ်လှသော အမျိုးသား ကြီးသည် သစ္စာ မဲ့သော အမျိုးသမီး အတွက် အသက်ပင် အသေခံသည်တဲ့။
အသက်၁၄နှစ်...ကလေးမဟုတ် လူကြီး မဟုတ် အရွယ်
လောကကြီးအကြောင်း မသိသေးသူ သားငယ် အား လူ့လောက အလယ်တွင် ထားပစ်ခဲ့သည့် အဖေဖြစ်သူ။

"". .မင်ယွန်းဂီ နင့်ကို ထွက်ခဲ့လို ့ပြောနေတယ်လေ...ငါမျက်နှာ ပျက်အောင် မလုပ်နဲ့...''''

HEllO Dear One Where stories live. Discover now