8

282 37 1
                                    

Unicode

"". .သားလေး ယွန်းဂီ...'''

နူးညံ ့နေသော အမျိုးသမီး တစ်ယောက်၏ ခေါ်သံ သဲ့သဲ့။
ကိုယ့်လက်ဖုဝါး အား နူးနူးညံ ့ညံ ့ထိတွေ ့လာသော အထိအတွေ ့လေးက ကြင်နာမှုတွေပါ ပါနေ၏။ ခပ်စူးစူး အလင်းတန်း များ ကြောင့်မျက်ဝန်းကို ကြိုးစား ဖွင့် ကြည့်မိတော့...

မေမေရယ်လေ....

မြင်ဖူးသမျှ မေ့မေ့ ပုံရိပ်တွေ ထဲတွင် အအေးချမ်းဆုံး ပုံရိပ်လေး။ အနက်ရောင်ဆံကေသာ များကို ပန်းနုရောင် ခေါင်းစည်းကြိုးအကြီးဖြင့်အမြင့်စီးနှောင်ထားသည်။ အဖြူရောင် နှင့် ပန်းနု ရောင် ရောစပ်ထားသော ဂါဝန်လေးနှင့် မေမေက နုပျို လွန်းနေသည်။

"". .မေမေ...'''

သူမက အလှ ဆုံး ပြုံးနေပါသည်။

"". ..သားလေး ပင်ပန်းနေပြီလား...'''

ကျွန်တော် ခပ်သွက်သွက် လေးခေါင်းခါ မိသည်။ ပင်ပန်းနေပြီဟု ဖြေမိပါက မေမေ ထွက်ပြေးသွားရင် ဘယ်လို လုပ်မလည်း။

"". .မေ့မေ့ သားလေး ကို မေမေ မပြောဖြစ်တဲ့ စကားလေး တစ်ခွန်း ရှိတယ်...'''

ကျွန်တော့် ဆံပင်လေးများကို သူမ လက်ချောင်းသွယ်သွယ် လေးများနှင့် ထိုးဖွရင်း ပြော၏။

"". ..ဘာ မို ့လို ့လည်း မေမေရယ်.. '''

"". ..မေမေ ပြောရမှာ ရှက်တယ်သားရယ်...'''

သူမက သိမ်ငယ်သော မျက်ဝန်းမျိုးဖြင့်ကြည့်၏။

"". .ပြောပါ မေမေရာ...'''

ညို ့လာသော သူမ၏ မျက်ဝန်းများ။ မျက်ရည် ကြည်ဥ လေးများလည်း ချက်ချင်းဆိုသလို တွဲခိုလာ၏။

"". .ဟင့်...မေမေလေ သားကို တောင်းပန်ပါတယ်...မေမေလုပ်ခဲ့တာတွေကို နောင်တရလို့ပါသားလေးရယ်...'''

"". .ဟင့်အင်း မတောင်းပန်ပါနဲ့ မေမေ...သားမေ့မေ့ရဲ့ အခက်အခဲကို ကိုယ်ချင်းစာမိပါတယ်..မေ့မေ့ကို အပြစ်လည်း မတင်ဖူးပါဘူး...'''

လွတ်လပ်စွာ ပင် မျက်ရည်ကျရင်း ရင်ဘတ်ထဲမှ စကားတွေကို ထုတ်ပြောဖြစ်သည်။ မေမေက ခပ်ဖျော့ဖျော့လေး ပြုံး၏။

HEllO Dear One Where stories live. Discover now