Unicode
"". .Gi ထတော့ နေ့လည်စာ စားရအောင်...'''
မျက်ဝန်းထဲသို ့ စူးကျလာသော နေအလင်းရောင် ကြောင့် မထချင်ပါ။
"". .Giထပါဆို...နေ့ခင်းကြောင်တောင်ဖြစ်နေပြီ...'''
စောင်အား ဆွဲ လှန်လိုက်သည့် ကောင်ကို မျက်မှောင်ကြုတ် ကြည့်လိုက်သည်။
ည,. ..ညက... ချွေးများရွှဲကာ မျက်ရည်များပါ ပေနေသော သူ။ နှုတ်ခမ်းကို တင်းတင်းစေ့ကာ တွန်းဖယ်ခြင်း မပြုတဲ့သူ။
အား...ဘာတွေလည်း...။ ခေါင်းတစ်ခုလုံးလည် လည်နေပြီး လူလည်း ပူထူကာ ရှိန်းတိန်းဖိန်းတိန်းဖြစ်လာသည်။ဆက်ခနဲ ထ ထိုင်ကာ နံရံ ကြီးကို စိုက်ကြည့်ပြီး အသားတွေ နီတက်လာသည့် ယွန်းဂီကြောင့် ဟိုဆော့ ပြုံးမိသည်။ ဘာလုပ်လုပ် ချစ်ဖို ့ကောင်းလွန်းသည်။
"". ..မျက်နှာ သစ်ပြီး အောက်ဆင်းလာခဲ့...ဒီနေ့ ဦးလေးမရှိလို ့ ကျွန်တော် Giနိုးလာတဲ့ အထိ စောင့်နေရတာ...အလုပ်သွားရဦးမှာ...'''
ရေချိုးခန်းထဲကိုသာ ကိုယ်ပျောက်ပြီး သွားလို ့ရ ရင် သိပ်ကောင်းမည်။ ရှင်းလင်းတင်ပြ
နေတာ မပြီးနိုင်မစီးနိုင်။္အောက်ထပ်သို ့ ဆင်းရဖို ့ ကုပ်ချောင်းချောင်း လုပ်နေရတာ တကယ်ခက်သည်။
တစ်ယောက်တည်း မီးဖို ချောင်တွင် လက်မလည်အောင် အလုပ်လုပ်နေသူကို ကြည့်ပြီး အငွေ ့သာ ပျံ သွားချင်ပြီ။"". .Gi လာထိုင်လေဗျာ..ဘာလုပ်နေတာလည်း...'''
အလိုက်တသိ ခေါျလာ၍ အဆင်သင့်ထုတ်ထားသော ခုံမှာ ဝင်ထိုင်လိုက်ရသည်။
ဟင်းပွဲတွေက အများကြီးပေမယ့် ဆီများလွန့းနေ၍ ဟိုဆော့ ချက်တာမဖြစ်နိုင်။"". .အာ..ကျွန်တော်နေသိပ်မကောင်းလို ့ ဆိုင်ကမှာထားတာ..'''
"". ..'''
ငါ့တုန်းက ဖျားပါဖျားတယ် ဟု ပြောချင်နေပေမယ့် ရေကြောင့်ဖျားတာ မို ့ ရန်မတွေ ့ချင်တော့ဘူး။
အဆင်သင့် ထည့်ပေးလာသော ထမင်းနှင့် ဟင်းကို ခပ်ပြီး ဝါးကြည့်တော့ ခံတွင်းမတွေ ့။မစားဘဲ အင်တင်တင် ဖြစ်နေသော ယွန်းဂီ ကို ဟိုဆော့အလိုမကျ။ ဦးလေး လက်ရာနှင့် ကိုယ့်လက်ရာသာ စားသည့် လူသားမို ့ ဆီများနေသည့် ဟင်းကို စား၍ မရသည့်ပုံ။
YOU ARE READING
HEllO Dear One
FanfictionSOPE Hello Dear One မင်းမသိခဲ့တာက မင်းနာကျင်တိုင်းငါလည်း နာကျင်ရတာကိုပေါ့ ဲကြင်နာခြင်းတွေသာ မင်းကရယူပါ ငါကတော့ မင်းပေးတဲ့နာကျင်ခြင်းတွေ နဲ့အသားကျနေလို ့ Sorry if i hurt you Just fanfiction Just my creation Too much drama Warning-Depression,Self-h...