5

377 47 4
                                    

Unicode

အဆင့်ဆင့် စီကာ မှတ်ညာဏ်အတွင်းဝင်လာသော အတိတ်နေ့ရက် များစွာသည် ယခုထိ ခံနိုင်ရည် အင်အားမရှိသေး။
နှလုံးသားတစ်နေရာမှ စူးအောင့်ကာပင် နာကျင်နေရတုန်းပင်။

နှလူံးသားထဲရှိနာကျင်မှု အား ပြေပျောက်စေရန် ဖြေရှင်းနည်းတစ်ခုသာရှိသည်။

Bathtub ထဲသို ့ရေအပြည့် ဖြည့် လိုက်သည်။ ရေမွန်းပြီးခဏတာ သတိလစ်သွားရင်လည်း အရာရာမေ့မေ့ပြောကျပြောကျဖွဈနိုင်သည်။

မေမေနှင့် ဟိုဆော့အဖေ၏ ပုံရိပ်ရော၊ ဝမ်းနည်းနေတတ်သည့်ဟိုဆော့ပုံရိပ်ရော၊ တစ်စုံတစ်ယောက်ကို သတိရနေမိသည့် နှလုံးသားကိုရော မေ့ပြစ်လိုက်ချင်သည်။

ပြည့်သွားသော bathtub လေးထဲသို ့ ဝင်ရောက်ထိုင်လိုက်ချိန်တွင် ရေများက ကန်အပြင်သို ့လျှံထွက်ကုန်၏။ ရေ ပိုက်ခေါင်းကို လှည့်မပိတ်ချင်သေး။

ရေထဲသို ့ခေါင်းနှစ်လိုက်ချိန်သည်....
အေးစက်နေသော ရေ၏အထိအတွေ့ က နှစ်ခြိုက်စရာပင်။ နှာခေါင်းအတွင်းသို ့ဝင်လာသည့် ရေများကို ကိုယ်ခန္ဓာက အင်အားရှိသလောက် တွန်းလှန်နေသည်။ နားများလည်း အူလာကာ ဘာသံမှ ကြားမနေရ။

အသက်ရှူခြင်း အလုပ်ကို ပါးစပ်ကို အနည်းငယ်ဟကာ လုပ်ဆောင်နေသည့် ကိုယ်ခန္ဓာကို မသနားမိ။ ပါးစပ်ဟလိုက်သည်နှင့် အလုံးလိုက်ဝင်လာသော ရေများကိုသာ မျိုချလိုက် ၊ ပြန်လည် တင်းခံ ထားလိုက်။

၄မိနစ်..၅မိနစ်...၇မိနဈ...

"". .ဟား..သတ်သေမယ် လုပ်လိုက်လေ... Gi သေပြီး ရင် ဘေးနားမှာ နောက်တစ်လောင်း ရှိနေစေရမယ်...'''

ဟိုဆော့...ပြောရင် ပြောသည့် အတိုင်းလုပ်တတ်သည့် ကောင်လေး။ ဟင့်အင်း ဟိုဆော့ ကိုတော့ မသေစေချင်ဘူး။

ရေပေါ်သို ့ပြန်လည် ထွက်ပေါ်လာချင်နေသည့် နှလုံးသားကို ဦးနှောက်နှင့် ရအောင်ထိန်းချုပ်မည်။ ယခုအချိန်သည် bathtub ထဲတွင် တစ်ယောက်တည်း ရုန်းရင်းဆန်ခက် ဖြစ်နေလိမ့်မည်။

သတိလစ်ရင်ဖြစ်ဖြစ်၊ သေဆုံးသွားရင်ဖြစ်ဖြစ် ခဏတာ အနားယူရမည် ဟူသော ဦးနှောက် နှင့်... .....ကိုယ့်ဝေဒနါကိုတောင်လစ်လျူရှုပြီး ဟိုဆော့ကိုသာ တွေးမိနေသည့်နားလည်ရခက်လွန်းသော နှလုံးသား ၏ လွန်ဆွဲပွဲ။

HEllO Dear One Where stories live. Discover now