6

321 40 7
                                    

Unicode

"". ..Gi ကျွန်တော့်ကို လက်ထပ်ရမယ်...စဥ်းစားကြည့်လေ Gi ကျွန်တော့်အပေါ် တင်တဲ့ အကြွေးသိပ်များနေပြီ မဟုတ်လား...'''

တင်းမာနေသော မျက်နှာ နှင့် အထက်ဆီးက ပြောဆိုနေသော ဟိုဆော့ကို မယုံနိုင်စွာ ငေးကြည့်နေမိသည်။

ဟိုဆော့အဖေ ဆုံးကတည်းက ဟိုဆော့နှင့်မျက်နှာချင်း မဆိုင်ဖြစ် ခဲ့။ မတည်ငြိမ်သော စိတ်အခြေအနေ ကြောင့် ဟိုဆော့၏ဦးလေး ကဆေးကုသပေးခဲ့သည်က တစ်နှစ်ကျော်ကျော် ကြာခဲ့သည်။

ထိုအချိန်တွင် အထက်တန်းကျောင်းသား လေး ဟိုဆော့က ဦးလေးဖြစ်သူ ဦးစီးသော စီးပွားရေး လုပ်ငန်းမျိုးစုံကို အသည်းအသန်လေ့လာ နေခဲ့သည်။ မိဘ မရှိတော့သည် မို ့ ဟိုဆော့နှင့် ကျွန်တော် သည် လေးလေး ၏ အုပ်ထိန်းမှုအောက်တွင် နေထိုင်ခဲ့ရသည်။

ဘာမှသွေးသားတော်စပ်ခြင်းမရှိသည့် ဟိုဆော့ နှင့် လေးလေး သည် ကျွန်တော့်အား ထွက်သွားခွင့်မပြုဘဲ စောငျ့ရှောကျခဲ့ဲကွသညျ။

အမှန်တကယ်ဆို ကိုယ့်ဘဝကို မုန်းသည်။ အကြီးဖြစ်သည့် ကျွန်တော်က အငယ်ဖြစ်သူ အပေါ် မှီခို ခဲ့ရသည်။ မှီခိုရုံတင်မကဘဲ ဟိုဆော့အပေါ် ရက်စက်ရာ ကျသည့် အရာများကိုပါ လုပ်နေမိသည်။ ဟိုဆော့ မျက်နှာလေး မြင်သည်နှင့် ခက်ခဲလွန်းသည့် ထိုနေ့အကြောင်း တရိပ်ရိပ် ပေါ်လာတက်၍ စိတ်ငြိမ်ဆေး သောက်နေရသည် မို ့ ဟိုဆော့နှင့် မဆုံဖြစ်စေရန် အမျိုးမျိုးရှောင်ခဲ့သည်။ ဟိုဆော့နှင့်ရင်ဆိုင်နိုင်ရန် အမျိုးမျိုးကြိုးစား ကြည့်သော်လည်း မအောင်မြင်ခဲ့။

နောက်တော့ကျွန်တော့် ညီလေးက ဂျပန်နိုင်ငံရှိ စက်ရုံတွင်အလုပ်လုပ်မည်ဆိုကာ ထွက်သွားပေးခဲ့သည်။ ထိုနေ့ကတော့ ကျွန်တော့်အား အကြာကြီး ဖက်ထားခဲ့ပြီး နှုတ်ဆက်သွားခဲ့သည်။ အိမ်သို ့၅လတစ်ကြိမ် အလည် ပြန်လာပါ့မယ် ဟူ၍ လည်းကတိပေးခဲ့သည်။

ထိုကြားထဲတွင် ကျွန်တော်သည် စိတ်တည်ငြိမ်စေမည့်
ပန်းချီ ရေးဆဲှဲခငျး ပညာကို သင်ယူခဲ့သည်။ စိတ်ရောဂါ ဝေတနာ နှင့်ပက်သက်သည့် စာတမ်းများစွာ ဖတ်ရင်း အတတ်နိုင်ဆုံးကုသခဲ့သည်။
ဟိုဆော့နှင့်ကျွန်တော်၏ ဆက်ဆံရေးကို အရင်အခြေအနေ လေးဖွဈအောငျပွနျကွိုးစား ချင်မိသည့် ရည်ရွယ်ချက်လေး ဖြင့်ပေါ့။

HEllO Dear One Where stories live. Discover now