can

514 55 14
                                    

Unicode

သေးသေးသွယ်သွယ် လက်ကလေးအား အားအင်နှင့် ဆွဲခေါ်နေသောလူကြီး

ထိုခန္ဓာကိုယ်လေး ထိုလူကြီး နှင့် ပါမသွားဖို ့အရေး ထိုလူကြီး ခြေထောက်များ အား အတင်းဖက်ကာ တောင်းပန်နေ ခဲ့သည်

သေးသေးသွယ်သွယ်ကောင်လေးကတော့ ဖြစ်နေသည့်အခြေအနေတို ့က သူနှင့်မဆိုင်သည့်အလား ထိုလူကြီး လက်ထဲမှ ရုန်းကုန်ခြင်းတောင်မရှိ
အေးတိအေးစက် သာ အခြေအနေ ကိုကြည့်နေလေသည်

ထိုလူကြီးသည် သူ ့ခြေထောက်တို ့အား အတင်းရုန်းကာ တားနေသူကောင်လေးမျက်နှာ အား အချက်ပေါင်းများစွာ ဆင့်ကာ ကန်နေခဲ့သည်

ထိုချိန်တွင်တော့ အေးစကျစကျ အကြည့်တွေနှင့်ကောင်လေးသည် မျက်မှောင်
ကျုံ့ကာ ထိုကန်နေသော လူကြီးအား

"". .appa. ..ဟင့်...'''

". .Gi. ..'''

ခပ်မှောင် မှောင် အခန်းထဲရှိ အိပ်ယာ ပေါျမှ လူးလဲ ထ ထိုင်လိုက်၏
အိမ်မက် ဆိုး မက်နေတာဘဲ

နှဖူးစပ်နှင့် လည်ကုတ်တို ့တွင် ရွှဲကျနေသော ချွေးများအား လက်ဖဝါးသုံးကာ ပင် ခပ်ကြမ်းကြမ်း ဖယ်ထုတ်လိုက်လေသည်

ထို ့နောက် အိပ်ယာဘေးရှိ စာကြည့်စားပွဲပေါ် ကြည့်လိုက်တော့ ညက သောက်အိပ်ရန်မေ့နေသော ဆေးလုံးနှင့် ဖန်ခွက်ထဲ ငှဲ ့ပြီးသား ရေတစ်ခွက်

ရေခွက်အား ယူကာ မော့သောက်ပစ်ရင်း တစ်ခဏ အမော ဖြေလိုက်၏

ညဘက်တွေကောင်းကောင်းအိပ်ပျော်ရေး ဆရာဝန်ဆီမှ အိပ်ဆေး များတောင့းယူထားခြင်း

စာကြည့်စားပွဲပေါ်သို ့ ရေခွက်ပြန်ထား ချိန် ဘောင်လှလှလေး ကွတ်ထားသော ဓာတ်ပုံလေး တစ်ပုံကြောင့် ပြုံးလိုက်မိ၏

Gi ပြုံးတာ ပထမဆူံး မြင်ဖူးတဲ့ ထိုနေ့လေးက အမိအရ ရိုက်ယူထားသော ဓာတ်ပုံလေးသာ

Gi ရယ် ငါသာ မင်းကို ဒီလို ငါ့ဘေးနားထားဖို ့ချည်း အတ္တ မရှိခဲ့ရင် မင်းဒီလိုလေး အမြဲပြုံးနေမှာပေါ့နော်

ခုတော့ ငါနောင်တ တွေ ရနေပါပြီ Giရယ် ငါပျော်ရွှင်ဖို ့ မင်းကိုနာကျင်စေခဲ့မိတာ ထင်ပါရဲ့

HEllO Dear One Where stories live. Discover now