Unicode
(. ..) ထဲရှိ အကြောင်းအရာများသည် Yoongi ၏ အတိတ်အကြောင်းတွေးနေခြင်းများ
1week after divorce
1st week of treatmentနောက်မှီ ကုလားထိုင်လေး ပေါ်တွင် ထိုင်ကာ မျက်စိရှေ ့ရှိ
ဖန်လုံးလေး၏ ရွေ ့လျားရာသို့
လိုက်လံ ကြည့်ရှု နေ၏။ ဘယ်မှ ညာသို ့ရွေ့ သွားသော ဖန်လုံးလေးမှ လွဲလျင် ပတ်ဝန်းကျင်တစ်ခုလုံးအား မေ့လျော့ လာသည်။ ထိုဖန်လုံးလေးသည် ညာမှဘယ်သို့ ရွေ ့လျားချိန်တွင် ထိုဖန်လုံးလေးကိုသာ တစ်ကမ္ဘာ ထင်လာ၏။
ယခု ကျွန်တော်သည် ပစ္စုပ္ပန် မဟုတ်သော ကမ္ဘာငယ်ထဲတွင်။"". .ဟိုး ငယ်ငယ်က အမေ နဲ့အတူ ကျောင်းသွား ခဲ့ဖူးလား...'''
မှောင်နေသော သီးသန့်ကမ္ဘာငယ်ထဲတွင် မေးလာသော မေးခွန်း။ ထိုမေးခွန်းနှင့်အတူ ပေါ်လာသော ပုံရိပ်လေး။ မေမေက သူမ၏ကားနှင့်အတူ ကျောင်းသို ့လိုက်ပို ့ဖူးသည်။
ကြိုးစားကာ အဖြေ ပေးချင်ပေမယ့် အာစေးမိသလို ဖြစ်လာ၍ အသံကျယ်ကျယ်ထွက်မလာခဲ့။်''. .ဟုတ်ကဲ့...'''
မေးလာသော မေးခွန်းဆက်တိုက်တို ့အား ယုံကြည်စွာ ဖြေမိသည်။
...2nd week of treatment
"". ..အဖေ ဆုံး တော့ အမေ နောက်အိမ်ထောင်ပြုခဲ့တယ်...'''
အမှောင်ကမ္ဘာ ထဲတွင် အသံသဲ့သဲ့ မေးခွန်းလေး များကိုသာ ဖြေဖြစ်သည်။ တစ်ခါတစ်လေ စိတ်လို လက်ရ ရှိလျင် ကိုယ်ပြောချင်တာ ပြောပြဖြစ်သည်။ ဒီနေရာလေးရှိ မေးခွန်းတိုင်းအတွက် ဖြေသော အဖြေတိုင်းသည် အဖြေမှန်များသာ..
"". .စိတ်ညစ်ခဲ့တာလား?....'''
မှိတ်ထားသော မျက်ဝန်းလေးက အနည်းငယ် ကျုံ ့သွားသည်။ ထို ့နောက်
"". .မညစ်ဖူး...'''
"". .စိတ်ညစ်ရမှာ မဟုတ်ဖူးလား?...'''
လှိုငျးမြား ဖြတ်ပြေးသွားသော မျက်ဝန်းအိမ်လေးမှ အတိတ်တွေသည်။
("". .Gi လာ ထမင်းစားရမယ်...''
ထမင်းပန်းကန်လေး ကိုင်ထားသော ကောင်လေး၏ အနည်းငယ်ဒေါသထွက်နေသည့်အသံ။
"". .Gi မစားရင် ကျွန်တော်မစားဘူးနော်...'''
တစ်နေ့လုံး ထမင်းမစားဘူးဆိုသည့် အကြောင်းအရာကို သိနေ၍ ...ကိုယ်မစားလျင် သူပါ လိုက်မစားတတ်သည့်လူသား...။ )
YOU ARE READING
HEllO Dear One
FanfictionSOPE Hello Dear One မင်းမသိခဲ့တာက မင်းနာကျင်တိုင်းငါလည်း နာကျင်ရတာကိုပေါ့ ဲကြင်နာခြင်းတွေသာ မင်းကရယူပါ ငါကတော့ မင်းပေးတဲ့နာကျင်ခြင်းတွေ နဲ့အသားကျနေလို ့ Sorry if i hurt you Just fanfiction Just my creation Too much drama Warning-Depression,Self-h...