Unicode
( ယွန်းဂီကို အိပ်မွေ ့ချကုတာ အရင်အခန်းမှာ သိကြလားတော့မသိ..ဒီအခန်းလည်း အဲ့လိုကုနေတာ..ယွန်းဂီ က အတိတ်နဲ့ လက်ရှိ နှစ်ယောက် ပုံစံရေးထားတာပါ..
ပစ္စုပ္ပန် ယွန်းဂီက ကျွန်တော်နှင့် သုံးနှုန်းပြီး,အတိတ်က ယွန်းဂီကိုတော့ မင်ယွန်းဂီဟု ဖော်ပြထား-ငါတစ်ယောက်တည်းပတ်ရှုပ်နေတာဘဲ,,ဒီsense လေးကို စာဖတ်ရခက်နေရင်fbပေးကြပါဦး ..ဘာတွေမှန်းမသိဖြစ်နေပြီ..)
လမ်းမကျယ်ကြီးပေါ်တွင် တစ်ယောက်တည်း လမ်းလျောက်နေခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် မှောင်မည်း လွန်းနေ၍ မျက်စိရှေ ့မှ အလင်းရောင်မှိန်တုတ်တုတ်လေးတစ်ခုမှအပ ဘာမှ မမြင်ရ။ ကမ္ဘာငယ်ထဲတွင်မေးခွန်းတွေမေးသူသည်
ဤလမ်းကြီးပေါ်သို ့ဘာရည်ရွယ်ချက်ဖြင့် လမ်းလျောက်ခိုင်းနေသည်ကို မသိ။
အလင်းရောင် ရှိရာသို ့ သွားခိုင်း နေ၍ တရွေ ့ရွေ ့ဖြင့်ထိုနေရာသို ့ သွားနေခဲ့သည်။အလင်းရောင်နှင့်တဖြေးဖြေး နီးကပ်လာချိန် တွင် ထိုအလင်းရောင်လေးသည် အိမ်တစ်လုံးဖြစ်နေခဲ့သည်။ ညအချိန်မို ့မှုန်ပြပြ ဓာတ်မီးတိုင်လေးတစ်ခု နောက်တွင် တည်ရှိနေ၏။
ခြံတံခါးအား ဖွင့်ကာ အိမ်အပေါက်ဝသို ့သွယ်ထားသည့် လျောက်လမ်းလေးအတိုင်း ဖြေးဖြေးချင်းလျောက်လာခဲ့သည်။ အိမ်တံခါးလေးမှာ အလိုအလျောက်ပွင့်သွားသော ကြောင့် အိမ်ထဲသို ့လှည့်ပတ်ကြည့်ရှု မိသည်။
ပရိဘောဂ ပစ္စည်းအားလုံးသည် ကျွန်တော်နှင့်အတော်လေးရင်းနှီးနေပါသည်။အိမ်လေး၏ အပေါ်ထပ်တွင် ရုတ်တရက် မီးဖွင့်လိုက်သဖြင့်
ထိုအပေါ်ထပ်သို ့တက်လာခဲ့သည်။မီးပွင့်နေသော အခန်းထဲတွင် အသက်ရှူသံ ခပ်ပြင်းပြင်း ကြားနေရသည်။ ထိုအသံသည်လည်း ကျွန်တော့်အသံနှင့်တူလွန်းပြန်သည်။
အခန်းတံခါးလေးအား ခပ်ဖြေးဖြေးဖွင့်ကြည့်တော့ အခန်းထဲတွင် ကောင်လေးနှစ်ယောက်။ တစ်ယောက်က ကုတင်ဘေးတွင် ထိုင်ကာ နံရံအားခေါင်းမှီရင်း မျက်ဝန်းတို ့မှိတ်ထားသည်။ ထိုကောင်လေးက ကုတင်ပေါ်တွင် အိပ်နေသော ကောင်လေး၏လက်တစ်ဖက်အား ဆုပ်ကိုင်ထားသည်။ ကုတင်ပေါ်တွင်အိပ်နေသော ကောင်လေးသည် ကျွန်တော် မင်ယွန်းဂီ ကိုယ်တိုင်ပင်ဖြစ်သည်။
YOU ARE READING
HEllO Dear One
Fiksi PenggemarSOPE Hello Dear One မင်းမသိခဲ့တာက မင်းနာကျင်တိုင်းငါလည်း နာကျင်ရတာကိုပေါ့ ဲကြင်နာခြင်းတွေသာ မင်းကရယူပါ ငါကတော့ မင်းပေးတဲ့နာကျင်ခြင်းတွေ နဲ့အသားကျနေလို ့ Sorry if i hurt you Just fanfiction Just my creation Too much drama Warning-Depression,Self-h...