Zawgyi
Wang yi bo
အချိန်တွေ တော်တော်ကြာခဲ့ပြီ ။
ဒါပေမဲ့ ဝမ်ရီပေါ်ကတော့ ဇာတ်ကားတစ်ခုကို တူတူရိုက်ခဲ့ဘူးတဲ့ သူ့ထက် ခြောက်နှစ်ကြီးတဲ့ သူငယ်ချင်းလေး တစ်ယောက်ကို လွမ်းမိပါရဲ့ ။
တွန့်ဆုတ်ခြင်းတွေ မရှိတဲ့ အချိန်ပေါ့။
scene တစ်ခုပြီးလို့ သူတို့နှစ်ယောက်ကို မေးခွန်းတွေ မေးတုန်းက ဆုတ်ကိုင်ခဲ့ဖူးတဲ့ လက်လေးတစ်ဖက်ကို လွတ်မပေးချင်ခဲ့ဘူး။
ကိုယ့်ဘက်က ရွန်းရွန်းစားစားကြီး အကြင်နာမျက်လုံးတွေနဲ့ ကြည့်တိုင်း ရှက်သလို ပြုံးနေတတ်တဲ့ သူ့ကို နှလုံးသားထဲက မထုတ်နိုင်ခဲ့ဘူး ။
အိမ်ရဲ့ ထိပ်ဆုံး ခေါင်မိုးပေါ်မှာ သူတို့ နောက်ဆုံး scene ကို ရိုက်ခဲ့တုန်းက အဲ့ဒီအချိန်တွေ သူတကယ် မမေ့နိုင်ခဲ့ဘူး ။
' အကယ်၍ လန်ဝမ့်ကျီးသာဆို ဝေ့ဝူရှန့်ကို စကားလျော့ပြောစေချင်လား ? '
' အခု မေးခွန်းရည်ရွယ်ပြီး မေးရမှာက ကျနော့်ကိုနော် ကျနော်က ဝမ်ရီပေါ် '
လန်ဝမ့်ကျီး ဇာတ်ကောင်နဲ့တောင် တစ်ယောက်သောသူကို သဝန်တိုခဲ့ရတဲ့ အချိန်တွေ။
' ရိုက်ကွင်းမှာ ပျော်စရာအကောင်းဆုံး အလုပ်က ရှောင်းကျန့် ကို ရိုက်ရတာ '
ကလေးဆန်တဲ့ ကောင်လေးတစ်ယောက်မို့ ခံစားချက်တွေကို မကွယ်ဝှက်နိုင်ခဲ့ဘူး။
တစ်ယောက်သောသူ သွားရာနောက်ကို လိုက်ပြီး အမြဲတမ်း ရိုက်နေခဲ့တယ် ။ ဒါမှ တစ်ယောက်သောသူက သူ့ကို သတိထားမိမှာလေ ။
သူက အဲ့လောက်တောင် ကလေးဆန်ခဲ့တာ။
အစ်မတစ်ယောက်က မေးတယ် ။
' ဘယ်လို အကောင်မျိုးလေးတွေနဲ့ မင်းကိုယ်မင်း တူတယ်ထင်လဲ '
အဲ့လိုမေးတော့ တစ်ယောက်သောသူက ' ခွေးပေါက်လေး ပါးစပ်ပိတ်ထား ' ဆိုပြီး ပြောတဲ့စကားကို နားထဲမှာ ကြားလာလို့ ' ခွေးလေးထင်တယ် ' ဆိုပြီး ဖြေခဲ့တယ်။
တစ်ယောက်သောသူ ပြောခဲ့တဲ့ စကားတွေ ဂရုစိုက်မှုတွေကို နှလုံးသားထဲမှာ အမြဲတမ်း သိမ်းထားခဲ့တယ်။