sorry baby

4.2K 498 44
                                    

Zawgyi

မာနတခွဲသားနဲ့ လူတွေကို တဖက်သတ်ကြိုက်ရတာလဲ လွယ်ကူ မနေပါ။

ရှောင်းကျန့်က တဖက်သတ်ကြိုက်တယ်။ မဟုတ်ဘူး ပေါ်တင်ကို ကြိုက်တာ။

ဟိုကလုံးဝ ကြည့်မရ ဖြစ်နေတာတောင် ရှောင်းကျန့် တို့က လက်မလျော့။ နောက်က လိုက်ပြီး နောက်ပိုးကျမြဲ။

ရှောင်းကျန့် တဖက်သတ် ပေါ်တင် ကြိုက်နေတဲ့ လူရဲ့ နာမည်က.......။

----

" ရီပေါ် ဟေ့ကောင် ဟိုမှာ မင်းရဲ့ ချစ်ချစ် မလား ? "

ကုရန် ရဲ့ စကားကြောင့် ရီပေါ် ထိုနေရာကို ကြည့်လိုက်တော့ သူ့ သူငယ်ချင်းမ ယွဲ့သွင် နဲ့ တဟီးဟီး ရယ်နေတာကို တွေ့ရသည်။

ယောကျာ်းလေး ဖြစ်ပြီး အဲ့လို မတည်မငြိမ် နဲ့ ယွထနေတာကို ကြည့်မရတာ။

" စိတ်ပျက်ဖို့ကောင်းတယ် "

ရီပေါ် က အေးဆေးလေး နေတတ်သူ။ အဲ့လိုမျိုး အရှက်မရှိ သူ့နောက်ကနေ တကောက်ကောက် လျှောက်လိုက်နေပြီး တတွတ်တွတ် နဲ့ စကားများနေတာတွေကို သဘောမကျ။

" ရီပေါ်...ရီပေါ်... ! ! "

အနားကို ပြေးလာတဲ့ ရှောင်းကျန့် ဆိုတဲ့ ကောင်ကို လုံးဝကြည့်မရ။

ဘာလို့ နည်းနည်းလေး မှ ငြိမ်ငြိမ်မနေနိုင်ရတာလဲ။

သူ့မျက်စိမှာ လုံးဝကို ပသာဒဖြစ်မနေ။

" ရီပေါ် နောက်ကျလိုက်တာ ဒီက စောင့်နေတာကို "

သူ့ရှေ့ကို လှစ်ခနဲ ရောက်လာကာ ရယ်ပြရင်း ပြောလာသည်။

တခြားလူတွေသာဆို ဒီလိုမျိုး ပြုံးရယ်ပြနေတာကို ချစ်ဖို့ကောင်းသည်ဟု မြင်ရင် မြင်လိမ့်မည်။

ဝမ်ရီပေါ် ရဲ့ မျက်လုံးထဲမှာတော့ ရှောင်းကျန့် ဘာပင်လုပ်နေ လုပ်နေ လုံးဝကို ကြည့်မရ ဖြစ်နေသည်။

" ငါအတန်းသွားတက်ရမှာ လိုက်မနှောက်ယှက်နဲ့"

"အို..ဘာလို့ လိုက်နှောက်ယှက်တယ်လို့ ထင်ရတာလဲ ဒီက အချစ်စကားလေးတွေ ပြောမလို့ ဟာကို "

" ကျစ်...အရှက်မရှိလိုက်တာ "

သူ့ရှေ့က ထွက်သွားတဲ့ ဝမ်ရီပေါ်ရဲ့ နောက်ကျောကိုကြည့်ကာ ရှောင်းကျန့် ဟာထုလေးပေးလိုက်သည်။

Yizhan (One Shot only) Où les histoires vivent. Découvrez maintenant