Loss

21.8K 806 95
                                    

Zawgyi

Bar မှာ အလုပျလုပျတဲ့ ကောင်လေး ဝမ်ရီပေါ်။

ရှပ်အင်္ကျီ အဖြူကို လည်ပင်းစေ့ကြယ်သီးတပ် အပေါ်ကနေ လက်ပြတ်အမဲလေးထပ်ဝတ်ရတာက သူတို့ bar
ဝန်ထမ်းတွေရဲ့ ဝတ်စုံ။

ဆံပင်ခပ်အုပ်အုပ်နဲ့ မျက်နှာတည်ကာ အရက်ဖျော်စပ်တဲ့ကောင်လေးက barကိုလာတဲ့ မဒီတွေရဲ့ အကြိုက်။

လုပ်ငန်းရှင်သမီးတွေ ၊ ကိုယ်ပိုင်လုပ်ငန်းပိုင်ရှင်မမတွေရဲ့ အရေးပေးခံရမှုကို ရရှိထားတဲ့ ကောင်လေး ။ ထူးခြားတာက စပွန်ဆာအကြီးကြီး ပေးမယ်ဆိုတာတောင် သူတို့ကို အရယ်အပြုံးမရှိ ' စိတ်မကောင်းပါဘူး နောက်တစ်ယောက်ကိုသာ အမ်းလိုက်ပါ 'ဟု လှလှပပကို ပြောလာတဲ့ကောင်လေး။

သူကလုပ်စရာရှိတာလုပ်တယ် ။ သူ့အလုပ်က အရက်ဖျော်စပ်ပေးရတဲ့ အလုပ် ။ အဲ့တော့ အခြား ဘာညာတွေမလိုဘူး ။

'မင်းရှောင်းကျန့်ကို သိတယ်မလား အလှလေးလေကွာ ငါတောင် သူဌေးနဲ့တူတူကားပေါ်တက်သွားတုန်းက တစ်ခါမြင်ဖူးလိုက်တာ အသေလှတယ်ကွာ အဲ့ဒါကြောင့် ငါတို့သူဌေး တော်တော်ဖြစ်နေတာ နေမှာ'

'နာမည်တော့ ကြားဖူးတယ် လူတော့မမြင်ဖူးသေးဘူး ရှောင်းကျန့် မျက်လုံးတစ်ဖက်မှိတ်ပြတာနဲ့တင် ရှိတာအကုန်ချပေးမဲ့ထိ ကျရှုံးအောင် ပြုစားနိုင်လွန်းတယ်တဲ့'

ဘေးကနေ ဝန်ထမ်းလေးနှစ်ယောက် ပြောနေတဲ့စကားကနားမထောင်ပါဘဲ ကြားနေရသည်။

'မိန်းကလေးတွေ ထက်တောင် ပိုလှသေးတယ်ကွာ ငါနဲ့သာ တစ်ညလောက် တူတူနေရလို့ကတော့!'

ရီပေါ် မျက်မှောင်ကြုံ့မိသည်။ ဒီကောင်တွေ ဘယ်လိုတောင် ပါးစပ်အရသာခံပြီး ပြောနေကြတာလဲ? ပြီးတော့ အဲ့ရှောင်းကျန့်က တကယ်ဘဲ မိန်းကလေးတစ်ယောက်ထက် လှနိုင်ပါ့မလား! !

-----

ည ၁၁နာရီလောက် ရီပေါ်အလုပ်ကနေ အိမ်ပြန်ရန် အဝတ်စားလှဲပြီး ထွက်လာတော့ သူ့ဆိုင်ကယ်နားမှာ ရပ်ရင်းစကားများနေကြဟန်ရှိတဲ့ ကောင်လေးနှစ်ယောက် ။

သူ့ဆိုင်ကယ်ပေါ်မှာ မှီနေတဲ့ ကောင်လေးက ပြုံးပြုံးလေးနဲ့ဘဲ နောက်တစ်ယောက်ကတော့ သူ့ရှေ့က ကောင်လေးကို အသည်းအသန် တစ်ခုခုကို တောင်းဆိုနေဟန် ။

Yizhan (One Shot only) Where stories live. Discover now