Zawgyi
ဝမ်ရီပေါ် အသက် ၆နှစ် ။
အိမ်နားကို လူသစ်တွေ ပြောင်းလာကြတယ် ။ ခြံထဲမှာ စပိုက်ဒါမန်း ရုပ်လေးနဲ့ ဖင်လေးကော့ပါအောင် ဆော့နေတဲ့ ဝမ်အသေးလေးက စပ်စုပြီးတော့ ခြံနားကို တတောက်တောက်နဲ့ သွားပြီး ချောင်းကြည့်တယ် ။
လူကြီး တစ်ယောက် နဲ့ အန်တီကြီးတစ်ယောက် ။
ပြီးတော့ သူ့ထက်အသက်နည်းနည်းလောက်ကြီးမဲ့ ကိုကိုတစ်ယောက် ။ အဲ့ ကိုကို လက်မှာ ရေမြုတ်ပူစီဖောင်း ဘူးရှည်ရှည်လေးကို ကိုင်ထားတယ် ။
ဆံပင်က အုန်းမွှေးလုံးလေးတွေလို ပုံကျလို့ ။ ကိုင်ကြည့်ရင် ပျော့ပျော့လေးနေမှာ ။ ဝမ်အသေးလေး စပ်စုနေတုန်းမှာဘဲ လူသစ်ကိုကိုက မြင်သွားလို့နဲ့ တူတယ် မျက်လုံးလေး ပြူးကာ ကြည့်လာခဲ့တယ် ။
ဟွန့် ရုပ်ကလဲဆိုးပါ့ နှုတ်ခမ်းက သေးသေးလေး ဟနေတဲ့ပါးစပ်ကနေ သွားနှစ်ချောင်းကလဲ ထွက်နေသေးတယ် ။
အဲ့ ရုပ်ဆိုးဆိုးနဲ့ လူသစ်ကိုကိုက သူရှိရာဆီ လျှောက်လာတော့ ဝမ်အသေးလေးက မမြင်ချင်ယောင် ဆောင်ထားလိုက်တယ် ။
ဟုတ်တယ် ဝမ်သခင်လေးတို့က တော်ရုံလူတွေနဲ့ အပေါင်းအသင်းမလုပ်ဘူး ချေတယ် ။
"ဟိုင်း..အသေးလေး"
"ဟွန့်"
အသေးလေးလို့ခေါ်တော့ စပိုက်ဒါမန်း ရုပ်လေးပိုက်ထားတဲ့ကောင်လေးက ဟွန့်ဆိုပြီးလုပ်တယ် ။
ရော်..အသေးလေးက ချေလိုက်တာ။
"ကိုကိုနဲ့ သူငယ်ချင်းလုပ်ရအောင်လေ ဒီမှာတွေ့လား? မှုတ်လိုက်ရင် ပူစီဖောင်း အကြီးကြီးတွေရော သေးသေးလေး တွေရော ထွက်တယ် သူငယ်ချင်းလုပ်ရင် ပေးမယ်"
လူသစ်ကိုကို က သူလက့်သေးသေးလေးနဲ့ ကိုင်ထားတဲ့ ရေမြုတ်ပူစီဖောင်း ဘူးကို မြှောက်ပြတယ် ။
သေချာကြည့်မိမှ နှုတ်ခမ်းအောက်က အမဲစက်လေးတစ်ခု ကပ်နေပါလား?
ဝမ်အသေးလေးက ရင်လေးကော့ကာ လူကြီးလေးလုပ်လိုက်တယ် ။
"မင်း နှုတ်ခမ်းအောက်မှာ အမှိုက်ကပ်နေတယ်!!"