Zawgyi
" ကိုကိုကြီး! "
မနက်စာ စားနေချိန် အသံပေးကာ အိမ်ထဲကို တလုံးလုံးနဲ့
ပြေးဝင်လာပြီး သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် သူ့အစ်ကို ဘေးမှာ လှစ်ခနဲ ဝင်ထိုင်လိုက်သည့် သူ့ ကို ရီပေါ် မျက်လုံးလှန်ကာ တစ်ချက်ကြည့်လိုက်သည်။" မနက်စာ စားခဲ့ပြီလား ကျန့်ကျန့် "
" ဟင်အင့် မစားရသေးဘူး ကိုကိုကြီး နဲ့ တူတူလာစားတာ"
" ဟုတ်ပါပြီ... ကိုကိုကြီး မုန့်ထည့်ပေးမယ်နော် "
" ဟုတ်ကဲ့.. ဟီးးး "
အစ်ကိုက စားပွဲပေါ်မှာ ရှိနေတဲ့ မုန့်တွေကိုတောင် ပန်းကန်ပြား အလွတ်လေးထဲ ထည့်ကာ ပေးနေသည်။
ဒီတိုင်း ယူစားလိုက်လဲ ရရက်သားနဲ့ ။
" အယ်...ရီပေါ် ဘာလဲ အပြင်မသွားဘူးလား ဒီနေ့ "
ခုမှ သူ့ကို မြင်သည်ထင်။ လာပြီး စကားမေးနေသေးသည်။
ဘာမှမပြောဘဲ နေတော့ ဟွန့်ခနဲ တစ်ချက်လုပ်ကာ နှုတ်ခမ်းစူသွားတာကို မျက်လုံးထောင့်ကနေ မြင်လိုက်ရသည်။
-------
ရှောင်းကျန့်တဲ့ ။ အစ်ကို့ အနားကို အရမ်းကပ်တဲ့ ကောင်လေး။
သူနဲ့ ရွယ်တူဆိုပေမဲ့ သိပ်ပြီးတော့ သူ့နားမကပ်။
ခြံချင်းကပ်ရပ်မို့ ရှောင်းကျန့် ရဲ့ အိမ်နဲ့ ကိုယ့်အိမ်က နှစ်အိမ့်တစ်အိမ် လိုပင် ဖြစ်နေပြီ။
ငယ်ငယ်လေးထဲက ရှောင်းကျန့် က ခပ်စွာစွာလေး ။ ရီပေါ်နဲ့ သိပ်မတည့် ။ ရီပေါ်ကလဲ ခပ်ဆိုးဆိုး။
ရှောင်းကျန့် လို ခြံထဲမှာဘဲ အရုပ်လေးတွေနဲ့ ဆော့မနေတတ်။
အဖော်တွေနဲ့ဘဲ အပြင်မှာ ဂိမ်းဆော့ရန် သွားသည်။
အစ်ကိုက ခပ်အေးအေးဆိုတော့ ရှောင်းကျန့် ပုစိနားမှာ အဖော်လုပ်ပြီး ကစားပေးရင်း သူတို့နှစ်ယောက်က ပိုပြီး ရင်းနှီးသွားတာပင်။
------
" အဆင်ပြေလား သားကြီး "
ဝမ်ဝမ်း ရဲ့ အမေးကို ရီပေါ်က ပြန်မဖြေဘဲ ဘေးနားချထားသည့် ဘီယာကို မော့သောက်လိုက်သည် ။