Unicode
" ဒီနေ့ ဘယ် ဂဏန်း ကောင်းလဲ? "
စက်ဘီးလေးနဲ့ ရွာပတ်ကာ ချဲလိုက်ရောင်းတဲ့ ရှောင်းကျန့် ကို အဘွားစုန်က မေးလိုက်သည်။
" ၄ တစ်လုံးကောင်းတယ် ၄ပတ်လိုက် "
ချဲစာအုပ်ပေါ် ဘောပင်လေးနဲ့ ရေးမလို ပြင်နေတဲ့ ရှောင်းကျန့် က ပြောလိုက်သည်။
" ငါလဲ အမှတ်မရှိ ရှောင်းကျန့် ကို မေးမိပြန်ပြီ ညည်းပြောတဲ့ ၇၁ နဲ့ ၅၈ က ဘယ်နေ့ထွက်မှာလဲမွေးစားဂဏန်း မွေးစားဂဏန်း နဲ့ ညည်းတို့ဘဲ စားစားနေတယ်"
ရှောင်းကျန့် တို့ မိသားစုက ချဲဒိုင်လုပ်၏။
ရှောင်းကျန့် ကတော့ ချဲလဲပတ်ရောင်းတာပေါ့။
" အဘွားစုန်ကလဲ ထွက်မှာပေါ့ မွေးစားဂဏန်း ပါဆိုမှ "
" ညည်းတော့နော် ပေး ၆၄ ကို R ပြီး ၃၀၀ဖိုး "
" ဟုတ် ဟုတ် ၆၄ R ၃၀၀ နော် "
ရှောင်းကျန့် က အဘွားစုန်အား ချဲစာရွက်ပေးခဲ့ပြီး စက်ဘီးလေးနဲ့ ထွက်လာလိုက်၏။
--------
ရွာထိပ်က တံတားလေးပေါ်ကို ဖြတ်တော့ အရှေ့ကနေ ထန်းရည် မူးလာသည့် ဝမ်ရီပေါ် တို့ ငမူး အုပ်စုနှင့် တွေ့သည်။
" အ ဟိုး ဟိုး ဒါဘယ်သူလေးပါလိမ့် "
ထန်းရည်မူးနေသည့် ဝမ်ရီပေါ်က လက်ညိုးလေး တစ်ငေါက်ငေါက်နဲ့ ရှောင်းကျန့် အား ကြည့်ကာ ပြောလာသည်။
" ဖယ် အမူးသမား "
" နေပါအုံး ရှောင်းကျန့်လေးကလဲ "
ရှောင်းကျန့် က စက်ဘီးကို တွန်းကာ ဝမ်ရီပေါ် အား ရှောင်ရင်းသွားမယ် အပြု ဝမ်ရီပေါ်တို့ အုပ်စုက ရှေ့က သွားမရအောင် လုပ်ထားကြ၏။
ရှောင်းကျန့် စိတ်မရှည်သည့် မျက်နှာထားနှင့် သက်ပြင်းချကာ ဝမ်ရီပေါ်ကို ကြည့်လိုက်တော့ ဝမ်ရီပေါ်က ပြီတီတီပြုံးကာ သူ၏ ပုဆိုးအား ဖြန်းခနဲ ဖြေချလိုက်၏။
" အား...ဝမ်ရီပေါ် အရူးကောင် ဘာလုပ်တာလဲ"
ရှောင်းကျန့် ကစက်ဘီးကိုင်ထားသည့် လက်နှစ်ဖက်ကို မျက်နှာမှာဖုံးအုပ်လိုက်တော့ စက်ဘီးလေးဟာ ဘေးနား မြေခသွားရရှာသည်။