Zawgyi
ဝမ်ရီပေါ်ရဲ့ဘဝမှာ ကိုယ့်ထမင်းကိုယ်စားပြီး ဘေးအိမ်က လူပျိုကြီး ရှောင်းကျန့် ကို စ, နေရတဲ့အချိန်က အပျော်ဆုံး ဖြစ်သည်။
မျက်မှန်လေး ပင့်ကာပင့်ကာနဲ့ ခြံထဲကခုံလေးမှာ ထိုင်ရင်း စာရေးဆရာလိုလို ဘာလိုလိုနဲ့ အရေမရ အဖတ်မရ ယုတ္တိ မရှိတဲ့ ဝတ္တုတွေကို ထိုင်ရေးနေတတ်တဲ့ ရှောင်းကျန့်ရဲ့ နာမည်ပြောင်က ' မြေလျှိုးမိုးပျံ ဂျက်လေယာဉ် ' တဲ့ ။
သူရေးပြီး ဝက်ဆိုဒ်မှာ တင်ထားတဲ့ ဝတ္တုရဲ့ ခေါင်းစဉ်နာမည်က ' တုံးအောက်ကဖား တုံးပိလို့ပြား ' တဲ့လေ ။ ဘယ်လောက်တောင်မှ တုံးလိုက်သလဲ !?
ဝတ္တုထဲမှာ အာကာသထဲက ဂြိုလ်သားတွေက သူတို့ နိုင်ငံကို ဆင်းလာပြီး လူတွေကို ဒုက္ခပေးတယ် ။ အဲ့ဒါကို သူတို့နိုင်ငံရဲ့ သမ္မတကြီးက မီးလက်သီးနဲ့ ချလိုက်တာ ဂြိုလ်သားတွေက ကြောက်လို့ ပြန်ပြေးသွားကြတယ်တဲ့။ တော်တော့်ကို တော်တဲ့ စာရေးစရာ ။ အရေးအသားတွေကလဲ ကလောင်ထက်ပါပေ့။
ကပ်စေးကလဲ နည်းသလား မမေးနဲ့ ။ မိုးမလင်းခင်
ပဲပြုတ်ထဝယ်တယ် ။ ၃ယွမ်ကျရင် ၂ယွမ်နဲ့ ရအောင်ဈေးဆစ်တယ်။ ကြာလာတော့ ပဲပြုတ်သည်လဲ ကပ်စေးနဲ လူပျိုကြီးကို ၂ယွမ်နဲ့ရောင်းပေးတာ အကျင့်ဖြစ်သွားတယ်နဲ့ တူတယ် ဈေးဆစ်တဲ့ ကျွတ်စီကျွတ်စီ အသံတွေ မကြားရတော့ ။-----------------
ရီပေါ် အပြင်သွားမလို့ ဆိုင်ကယ်ကို သေချာစစ်ကာ စက်နိုးကြည့်လိုက်တယ် ။
" ဟေ့ကောင်လေး !!!! ဟေ့ကောင်လေး !!!!! "
အော်သံကြားလို့ ရီပေါ်လှည့်ကြည့်တော့ မျက်မှန်ကို လက်တစ်ဖက်က ပင့်ကာ ရန်လိုတဲ့ မျက်နှာဘေးနဲ့ ကြည့်နေတဲ့ လူပျိုကြီး ။
" ဘာလဲ ?"
" မင်းဆိုင်ကယ်စက်နိုးနေတာတော်တော့ ငါစာရေးရတာ အာရုံစိုက်လို့မရဘူး "
" အရေမရ အဖတ်မရတွေ "
" ဘာ !!! အရေမရ အဖတ်မရတွေဟုတ်လား ? မင်းရေးကြည့်ပါလား ? စာရေးရတာ ဘယ်လောက်ခက်တယ်မှတ်နေလဲ ။ ပြောနေလဲ မင်းနားလည်မှာ မဟုတ်ပါဘူး "