Zawgyi
" စော်ကြည်ဘဲ အမျိုးသား သီးသန့်အဆောင် "
မိန်မိန်ကြီး ချိတ်ထားတဲ့ ဆိုင်းဘုတ် ကို ကြည့်ပြီး သူမျက်မှန် တစ်ချက် ပင့်လိုက်သည်။
နယ်မှာတော့ သူ စော်ကြည်ခဲ့တာ အမှန်ပင်။
အခု မြို့ပေါ်ကိုက ရောက်စမို့ စော်ကြည်မလား မကြည်မလား မပြောတတ်သေး။
လက်ထဲက အထုတ်ကို ဆွဲကာ အဆောင်ထဲသို့ ဝင်တော့ ဖုန်းလေးထောင်ကာ ဇာတ်ကား ကြည့်နေသည့် ဝဝ ဖိုင့် ဖိုင့် အမျိုးသမီးတစ်ဦးကို တွေ့ရသည်။
" ဒီအဆောင်မှာ လာနေတာဗျ "
သူ့အသံကြားသည်နှင့် ထိုအမျိုးသမီးက မျက်လုံးလန်ပြီး ကြည့်လာသည်။
" အခန်းကတော့ ၃ ယောက် တစ်ခန်းစီ ဘဲ "
ပြောလာပုံကို ကြည့်ရင် အပေါက်ဆိုးပုံပေါ်သည်။
" ရတယ်ဗျ "
" နာမည်ပြော "
အမျိုးသမီးက သူ့ပုံစံကို တစ်ချက် ကြည့်ကာ အဆောင်မှာ နေသူများစာရင်းကို မှတ်တမ်းလုပ်ထားသည့် စာအုပ်ကို လှန်လောကာ ရေးမှတ်ရန်ပြင်သည်။
" ဝမ်ရီပေါ် "
" ကောင်းပြီ မောင် ဝမ်ရီပေါ် အပေါ်ထပ်က ဒုတိယ အခန်းကို သွား အဲ့မှာ မင်းနဲ့ နေရမဲ့ အခန်းဖော် နှစ်ယောက်ရှိတယ် "
-------
အဆောင်ရှင်မပြောသည့်အတိုင်း သူလျှောက်လာခဲ့သည်။
ဒုတိယမြောက် အခန်းကို တံခါးခေါက်လိုက်တော့ အခန်းထဲက တစ်ယောက်က တံခါး လာဖွင့်သည်။
" အသစ်ရောက်လာတဲ့ အခန်းဖော်လား "
" အင်း "
သူမျက်မှန် တစ်ချက်ပင့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
" ဝင်လေ "
ထိုသူက ဝမ်ရီပေါ် ရဲ့ လက်ထဲက အထုတ်ကိုပါ ကူဆွဲပေးသည်။
" ဟဲ ဟဲ "
ကုတင်ပေါ်မှာ ထိုင်နေသည့် နောက်တစ်ယောက်က ရယ်ပြလာသည်။
ပြန့်ကြဲနေတဲ့ ဖဲချပ်တွေကို ကြည့်ရင် နှစ်ကောင်သား ဖဲ ရိုက်နေမှန်း သိသာသည်။