Zawgyi
အခန်း နံပါတ် 402 ။
တံခါး မှာ ကပ်ထားတဲ့ အခန်းနံပါတ်ကို ရေရွတ်ကာ ရှောင်းကျန့် သူ့ရဲ့ လက်စွဲတော် အဝတ်အိတ်ကြီးကို ဆွဲကာ အခန်းထဲကို ဝင်လာလိုက်သည်။
အဆောင်နေကျောင်းသားများ အတွက် စီစဉ်ပေးထားသည့် အခန်း ဖြစ်တာကြောင့် တစ်ခန်းတွင် နှစ်ယောက်စီ နေရသည်။
ရေချိုးခန်း အိမ်သာ တစ်ဆက်တည်း ပါသောကြောင့် ပို၍ အဆင်ပြေသည်။ မဟုတ်ရင် သူက လူအများနဲ့ ရေချိုးခန်း တူတူသုံးရသည် များကို မကြိုက်။
တစ်ဖက်ကုတင် တွင် လူမရှိပေမဲ့ အသုံးအဆောင် ပစ္စည်းတစ်ချို့ ရှိနေသည့် အတွက်ကြောင့် လွတ်ရာ ကုတင်ကိုဘဲ သူယူလိုက်သည်။
အခန်းဖော် သူငယ်ချင်းကိုတော့ မမြင်ဖူးသေး။
သူ ကုတင်ဘေးက စားပွဲပုစိလေးပေါ်မှာ စာအုပ်တစ်ချို့ကို တင်ရင်း အလုပ်ရှုပ်နေတုန်း နောက်ကနေ တံခါးဖွင့်သံကြားလိုက်ရတာမို့ လှည့်ကြည့်လိုက်တော့ ရေချိုးခန်းထဲ က ထွက်လာသည့် တစ်စုံတစ်ယောက်။
အောက်ပိုင်းကို တဘတ်နဲ့ ပတ်ထားပြီး အပေါ်ပိုင်းက ဗလာ ဖြစ်နေသည်။ ကျစ်လစ်နေသည့် ခန္ဓာကိုယ် ပေါ်တွင်
အမြောင်းလိုက် ကြွက်သားအကျစ်တွေက အထင်းသား။ရေစက်တွေခိုသီနေတဲ့ ရင်ဘတ်အစုံကြောင့် ရှောင်းကျန့် တံတွေးမျိုချမိသည်။
လည်ပင်းပေါ် အကြည့်ရောက်တော့ အထက်အောက် ရွှေ့လျားနေတဲ့ အာဒံပန်းသီးက ကိုက်ချင်စရာပင် ကောင်းလှသည်။
" ကြည့်လို့ ဝပြီလား "
အသံကြားမှ သတိလက်လွတ်ငေးနေမိသည့် ရှောင်းကျန့် အသိဝင်လာသည် ။
ဘယ်လိုတောင် အရှက်ကွဲမှုကြီးလဲ။
" ဘယ်သူ...ဘယ်သူက ကြည့်နေလို့လဲ "
ရှောင်းကျန့် မျက်နှာပူပေမဲ့ ငြင်းလိုက်သည်။
ဟိုတစ်ယောက်ကတော့ ဘာမှ မပြောဘဲ သူ့ကုတင်နားကို လျှောက်သွားတာကို ရှောင်းကျန့် မြင်လိုက်သည်။
ပထမဆုံး နေ့မှာတင် ဂွမ်းတာဘဲ ရှောင်းကျန့် ။
---------