"အီရန်ရှီ!!!"
လှည့်ထွက်မည်ပြုချိန် အနောက်ကခေါ်လိုက်တဲ့ အသံကြောင့်လှည့်ကြည့်မိတော့ ခဲရောင် suitနဲ့ကင်မ် ထယ်ယောင်းဖြစ်နေခဲ့သည်။
"ဒီကို ဘာကိစ္စရှိလို့လဲ အီရန်!!"
"အလုပ်ကိစ္စရှိလိုပါ ပြီးတော့
ခင်ဗျားတို့ရှိနေမှန်းမသိလို့ !!""ကျတော်ပြောတာ အလိုသဘောမဟုတ်ပါဘူး!!
သူဠေးလိုဟန်ဆောင်နေတာပြီးသွားပေမယ့်
ကျတော်တို့သူငယ်ချင်းအနေနဲ့ ခင်လိုရတယ်မဟုတ်လား!!
နှုတ်ဆက်လိုလဲရတယ်မလား ပြီးတော့
အားနေတဲ့နေ့ တနေ့လောက် ကျတော်တို့ သွားသောက်ကြမလား?"ပြုံးပြလာရင်း ပြောလာတဲ့ ထယ်ယောင်းစကားကြောင့်သူခေါင်းသာငြိမ့်ပြမိလိုက်သည်။
ဂျွန်ဂျောင်ကုအနေနဲ့သာ ထယ်ယောင်းနဲ့သူ အသက်ကွာပေမယ့်
သူသရုပ်မှန် ဂျွန်အီရန်အနေနဲ့ဆို အသက်ခြင်းက မတိမ်းမယိမ်းပင်။"ဒီနေ့ သွားသောက်ကြမယ်ဆိုရင်ရော!!"
"ဗျာ!! ကောင်းတာပေါ့ "
သူကမ်းလှမ်းချက်ကို ချက်ခြင်းလက်ခံတဲ့
ထယ်ယောင်းက
သူအသိဆိုင်ရှိသည်ဟု ညွှန်းလာတာမို့ ထိုဆိုင်ရှိရာသို့ဦးတည်မိသည်။ ထယ်ယောင်းလဲ သူကို ရင်ဖွ့င်စရာတွေ အများကြီးရှိပုံရသလို
သူလဲ ခံစားချက်တွေ ဖွင့်ထုပ်ဖို့ သူအကြောင်းအစအဆုံး
သိသည် လူတယောက်လိုနေသည်မဟုတ်လား?နှစ်ယောက်လုံး ရေချိန်ကိုက်လာသည်နှင့်အမျှ ရင်ထဲက
စကားတွေ အကုန် အန်ထွက်လာတော့သည်။××××
ဝိုင်အနည်းငယ်သောက်ခဲ့ပေမယ့်
အမူးလွယ်တဲ့သူကို
ဂျွန်က အိပ်ခန်းထဲထိလိုကိပို့ပေးသည်။
ကုတင်နားရောက်ခါနီးမှ ခြေထောက်ယိုင်သွားတာမို့
နံရံနဲ့သူကိုယ်လေးတိုက်မိသွားသည်။ဒီအချိန်သူကိုယ်ေလးကို နံရံနဲ့ ပိုကပ်အောင်လုပ်လာတဲ့ ဂျွန်ကသူခါးလေးကိုပွေ့ဖက်လာရင်း
ခန္ဓာကိုယ်နှစ်ခုကို ပိုနီးကပ်အောင်ပြုသည်။
YOU ARE READING
SIDE AFFECTS ✅ Completed
Fanfictionပိုချစ်မိရင် ပိုခံစားရသလို ပိုချစ်မိတဲ့သူက အရှုံးတဲ့လား ? Ost for :: hurts so good