"အိပ်ချင်နေရင်အိပ်လိုက်လေ အိန်ဂျယ် "
ခေါင်းအုံးလေးပေါ် မျက်နှာကပ်လျက်ရှိလို ပါးဖောင်းဖောင်းလေးအစ်ထွက်နေပြီး မျက်လုံးလေးတွေမှေးစင်းနေသည့်သူ့ရဲ့
အိန်ဂျယ်လေး~~
ဒီမြင်ကွင်းလေးကို
လက်လေးထောက်ထားလျက်ကြည့်နေရာက ခေါင်းလေးကြွရင်း
နဖူးလေးကိုနမ်းကာပြောမိပေမယ့် သူလေးက
ခေါင်းလေးခါယမ်းပြလာရင်း သူနဲ့အကြည့်ခြင်းစုံကာကြည့်နေသေးသည်။" မနက်ပိုင်းကြီး အိပ်စရာလား!!"
မျက်တောင်တွေပုတ်ခတ်ဖြစ်နေသည်အထိ
အိပ်ချင်စိတ်ကို
ထိန်းထားနေတဲ့ အိန်ဂျယ်က ဆူပုတ်ပုတ်နဲ့ ရန်ထောင်လာသေးတာမို့ ခါးလေးကိုဆွဲဖက်ကာ ကိုယ်လေးကိုအနားသို့ ဆွဲယူရင်း ဆူထော်နေတဲ့ နှုတ်ခမ်းသားလေးကိုစုပ်နမ်းမိလိုက်သည်။" ရူတင်တွေလဲ အကုန်ဖျက်ထားပြီးသား
မဟုတ်လား
အလုပ်တွေမရှိတုန်း အေးဆေးအနားယူလိုက်ပေါ့ ပြီးတော့
ကလေး ပင်ပန်းထားတယ်လေ !!"စကားအဆုံးကြမှ
ပြုံးစစနဲ့ပြောမိတော့ ပန်းရောင်းသမ်းနေတဲ့မျက်နှာပိုင်ရှင်ရဲ့
မျက်စောင်းလှလှကို လက်ခံရရှိလိုက်သည်။" ကိုယ်ပြောတာမှားလို့လား!! ကလေးရဲ့ "
"ဘာမှ ထပ်မပြောဘဲ နေပေးလိုရမလား?"
"စိတ်ဆိုးသွားတာလား ကလေး~~
ကိုယ်က ကလေး ပင်ပန်းထားလို့ စိတ်ပူလိုပြောတာလေ ""စကားအရမ်းများတာပဲ ဂျွန်အီရန်ရှီ!!"
သူနှုတ်ခမ်းတွေကိုဆွဲညှစ်လာတဲ့ အိန်ဂျယ်က
ဆူပုတ်ပုတ်မျက်နှာဘေးနဲ့ပြောလာပုံလေးက ရှက်နေတာသိသာချက်။
ဒီလိုပုံစံလေးက သူကိုအသဲယားစေတာမို့ သူနှုတ်ခမ်းကိုဆွဲညှစ်ထားတဲ့ လက်တွေကို ဖယ်ချုပ်ရင်း အိန်ဂျယ်ရဲ့
ပါးပြင်တွေ ၊ လည်ပင်းတွေကိုနမ်းသည်။"ဟာ့ ဂျွန်!!!"
"မအိပ်ချင်ဘူးဆို ၊ မပင်ပန်းသေးဘူးဆို"
YOU ARE READING
SIDE AFFECTS ✅ Completed
Fanfictionပိုချစ်မိရင် ပိုခံစားရသလို ပိုချစ်မိတဲ့သူက အရှုံးတဲ့လား ? Ost for :: hurts so good