တွေဝေနေတဲ့စိတ်တွေကြောင့် ဘဲလ်တီးဖို့ပြင်နေတဲ့သူ့
လက်ကအရှေ့မရောက်~~ဒီအချိန် ခြံတံခါးလေးဟာအလိုလိုပွင့်သွားတာမို့ လန့်သွားကာ အနောက်သို့ဆုပ်လိုက်မိသည်။
မကြာပါ ခြံထဲထွက်လာတဲ့ ခဲရင့်ရောင်ကားလေးကိုတွေ့ရတော့ သူကိုယ်တိုင်တောင်မသိဘဲ ခြံဒေါင့်လေးမှာ ပုန်းကွယ်လိုက်မိသည်။
"ဟင် daddy!!!"
ကားပေါ်တွင်daddyပါသွားသည်ကို
လှမ်းတွေ့လိုက်ရလို သူ တဖက်က ပျော်မိသွားသည်။
daddyအလုပ်တောင်မလာဘဲ ဘာတွေ
များဖြစ်နေခဲ့လိုလဲဆိုပြီးသူမှာ တွေးပူမိခဲ့ရသေးတာ ၊
အခုတော့ daddyက သူထင်သလိုမှမဟုတ်ခဲ့ဘူးပဲ။~တီးတောင်းးးးး~~~×5
လူခေါ်ဘဲလ်လေးကို အဆက်မပြတ်တီးနေသော သူပါးစပ်ကလဲ
"ငါမင်းတို့သူဠေးကိုတွေ့ဖို့လာတာ
တံခါးဖွင့်ပေးစမ်းးးး"ဆိုသော
စကားကို ထပ်တလဲလဲပြောနေခဲ့သည်။"ဟင် အပြင်ကလူက အဆိုတော်မင်းသား
ကင်မ်ဆော့ဂျင်
မဟုတ်လား!!""အေး ငါတို့သူဠေးနဲ့ချိန်းထားလိုထင်တယ်
ဖွင့်ပေးလိုက်လေ"အလုပ်သမားတွေက သူကိုအိမ်ထဲဝင်ခွင့်ပေးသည်နှင့်မူမမှန်သောခြေလှမ်းတွေနဲ့ အထဲရောက်လာခဲ့သည်။
ဟုတ်တယ်။
သူသောက်ခဲ့ပြီးမှ ဒီကိုပြန်လာခဲ့တာ။သာမန်စိတ်နဲ့ဆို သူတွင်ဒီလိုလုပ်ဖို့သတ္တိမျိုးမရှိ။
ဒါကြောင့်ရဲဆေး
တင်ကာ ဘဲလ်လေးကိုလာတ်ီးခြင်းပင်။
အခုအချိန် daddyမရှိဘူးဆိုသာသိပေမယ့် သူကြိုရောက်လာေနခြင်းကdaddyတွေ့လျှင် သူကိုတံခါးမဖွင့်ဘဲမနေအောင်ဖြစ်သည်။ဘယ်လိုမဆို မျက်နှာခြင်းဆိုင်သွားစေချင်
သည်။
ပြီးကာမှ သူကိုနှင်ထုပ်ရင်နှင်ထုပ်ပါစေ။ဘယ်လောက်ပဲ နာကျင်ရမယ့်စကားတွေပြောလာပါစေ။
သူနားထောင်မယ်လို ဆုံးဖြတ်ခဲ့သည့်သူက အသုံးမကျတဲ့
အချစ်ရူးတယောက်သာသာ။
YOU ARE READING
SIDE AFFECTS ✅ Completed
Fanfictionပိုချစ်မိရင် ပိုခံစားရသလို ပိုချစ်မိတဲ့သူက အရှုံးတဲ့လား ? Ost for :: hurts so good