လက်ထဲက ရေစိုအဝတ်လေးကို စားပွဲခုံလေးပေါ် အသာချကာ ကုတင်ထက်တွင်ရှိနေသော ကောင်လေးရဲ့ ဘေး သူလဲဝင်လဲလိုက်သည်။
နဖူးပြင်ထက်ပေါ် ရှုပ်ပွစွာ ကျနေသော
ဆံပင်လေးကို သပ်ပေးလိုက်သလို ရဲတွတ်နေသော မျက်နှာပြင်လေးကိုပွတ်သပ်ပေးမိပြန်ပါသည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဆေးလိမ်းပေးထားပြီးဖြစ်သော
ကွဲလျပေါက်ပြဲနေသည့် နှုတ်ခမ်းလေးကိုလဲ
ခပ်ဖွဖွထိတွေ့မိတော့ စိတ်ထဲတမျိုးကြီးခံစားမိလာသည်။ခံစားချက်တွေအများကြီးမထုတ်ပြခဲ့ပေမယ့်
ဆော့ဂျင်ကသူအပေါ်
အတိုင်းအထက်အလွန်သဘောကျနေခဲ့သည်မို့ တန်ဖိုးထားရမှန်းသူမသိခဲ့ပါ။ဒီအတွက် ဆော့ဂျင်သူကို ထားသွားခဲ့မယ်ဆိုတာကတော့ အတွေးထဲတွင်တောင်မရှိခဲ့ ၊
လက်တွေ့မှာတော့ ဆော့ဂျင်က
သူကိုမုန်းတီး သွားခဲ့သည်။သူနဲ့ ဘယ်လိုမှ ယှဉ်လိုမရတဲ့ လမ်းဘေးက လူကို
သူထက်ပို ချစ်သွားခဲ့တယ်တဲ့လေ ။
တကယ်ကို ယုံကြည်ရ
ခက်ခဲသော ကိစ္စဖြစ်ပေမယ့် ....။တွေးမိတိုင်း ဒေါသမီးတောက်လောင်စေသည့်လုပ်ရပ်ကို
ဆော့ဂျင် လုပ်ခဲ့သည်။ဟူးးးး
အခုချိန်ကစပြီးးး
ဖြစ်ခဲ့ကိစ္စတွေကို ထပ်မတွေးဘဲ
သူကိုသူပြောင်းလဲရန် သူကြိုးစားမည်။
အရင်ကထက် ဆော့ဂျင်ကို ဂရုစိုက်ပေးမည်။ ဆော့ဂျင်လိုချင်သော ချစ်တယ်ဆိုတဲ့
စကားကို ခဏခဏ ပြောပေးပြီး ဆော့ဂျင်နဲ့အတူ အချိန်တွေ
ဖြုန်းပေးမည်။ ပျော်ရွှင်ကြည်နူးဖွယ် အခြေအနေတွေကို နှစ်ယောက်အတူ
ဖန်တီးမည်။ဒီလိုသာ သူအမြဲလုပ်ပေးလိုက်ရင် "ကော်ဖီဆိုင်ကကောင်"
ကို ဆော့ဂျင် သေချာပေါက်မေ့သွားလိမ့်မှာ။

YOU ARE READING
SIDE AFFECTS ✅ Completed
Fanfictionပိုချစ်မိရင် ပိုခံစားရသလို ပိုချစ်မိတဲ့သူက အရှုံးတဲ့လား ? Ost for :: hurts so good