ဂျွန် ကော်ဖီဆိုင်လေးအရှေ့ သူကားလေးကို ရပ်ကာ
ကော်ဖီဆိုင်လေးကိုအပြင်ကငေးမိတော့ မီးတွေအမှောင်ချထားသည်ကို တွေ့ရတော့ စိတ်ပူသွားကာ အလျင်အမြန်ဆိုင်ထဲ ပြေးဝင်မိသည်။"ဂျွန်!!!"
စိတ်တွေထူပူကာ ဂျွန်နမည်ကိုခေါ်ရင်း ရှာဖွေနေတုန်း
မီးတြွေပန်လင်းလာကာ သူအရှေ့တွင် ဂျွန်က ရပ်နေလေသည်။ အရင်နေ့ကလို အေပရွတ်ကြီးမဝတ်ထားဘဲ
လည်ထောင်စွယ်တာအပေါ် အနက်ရောင် ကုတ်အရှည်တထည်ကို ထပ်ဝတ်ထားကာ ကောင်တာလေးကိုမှီရင်း ဂျွန်က စတိုင်ကျကျရပ်နေလေရဲ့။"ဂျွန်!!!!!!!"
သူပြေးသွားမိကာ ဂျွန်ရင်ခွင်ထဲတိုးဝင်မိတော့
ဂျွန်ကသူကို
ပြန်လည်ထွေးပွေ့ထားလေရဲ့။"ကိုယ်က စပရိုက်လုပ်တာ ဖြစ်တယ်မလား!!"
"ဆိုင်တံခါးကြဖွင့် မီးတွေကမှိတ်ပြီး ဂျွန်ကပျောက်နေတော့
လန့်သွားတာပဲ!! ဂျွန် မကောင်းဘူး!"ဂျွန်ရင်ဘတ်လေးကိုထုကာ ပြောတော့
ဂျွန်ကရယ်လာသည်။"ကိုယ်ပျောက်သွားမှာ အာ့လောက်တောင်ကြောက်တယ်ပေါ့လေ အိန်ဂျယ်က !!"
"ဒီတခါ ကျတော်အရှေ့က ထပ်ပျောက်သွားရင်
ဘာလုပ်မယ်ဆိုတာ ကျတော်ပြောထားတယ်နော်
စကားကိုနှစ်ခါပြောအောင်မလုပ်နဲ့ !!""မမှတ်မိတော့ဘူး ဘာပြောထားပါလိမ့်!!"
ပြုံးစစမျက်နှာဘေးနဲ့ ဂျွန်က သူကိုစနောက်လာတော့ သူမျက်နှာဆူပုတ်သွားကာ ဂျွန်ပါးကို ကိုက်လိုက်တော့သည်။
"လူယုတ်မာကြီး!!
လူကိုနောက်စရာအောက့်မေ့နေတယ်"နာသွားပုံရတဲ့ဂျွန်က ပါးလေးကိုသာပွတ်နေတာမို့ သူပြန်ချော့ရန်ပြင်သည်အနေနဲ့ ဂျွန်ပါးလေးကိုအသာပွတ်ပေးရင်း ခပ်ဖွဖွနမ်းလိုက်သည်။
"ဘာလဲ စိတ်ဆိုးသွားတာလား ဂျွန်က
မျက်နှာကြီးကဘာဖြစ်တာလဲ?"
YOU ARE READING
SIDE AFFECTS ✅ Completed
Fanfictionပိုချစ်မိရင် ပိုခံစားရသလို ပိုချစ်မိတဲ့သူက အရှုံးတဲ့လား ? Ost for :: hurts so good