"ကင်မ်ဆော့ဂျင် ကိုယ်မေးနေတယါလေ!!!!"
Daddyရဲ့ခက်ထန်နေသော
လေသံနဲ့အတူ သူပခုံးကို
ညှစ်ကိုင်ထားတဲ့ လက်တွေကြောင့် ပြန်ဖြေဖိုစကားပင်ပျောက်ရှနေခဲ့သည်။ လိမ်လည်ဖို့ သူ
မတွေးမိပေမယ့် အမှန်တိုင်းပြောရန်အတွက်လဲ သတ္တိနည်းနေခဲ့သည်။"ဧကန္တ allergen ဖြစ်နေတာလား? "
သူလည်ပင်းလေးကိုပွတ်သပ်ပေးရင်း လေသံပျော့ကာ မေးလာတဲ့ daddyစကားကြောင့် ခေါင်းသာငြိမ့်ပြမိလိုက်သညါ။
"အခြေအနေအတော်ဆိုးတာပဲ ဘေဘီ
ဘာတွေစားခဲ့လို့လဲ? ဆေးရောသောက်ထားလား?"နှုတ်ကဘာအသံမှမထွက်လာဘဲ
ခေါင်းသာခါပြမိသည့်
သူကို daddyက ဆိုဖာပေါ်မှာထိုင်စေသည်။"ကိုယ်ဒေါက်တာခေါ်ပေးမယ်
ဘေဘီ ခဏလေး
သည်းခံနော် ""ရ ရပါတယ် daddy ကျတော်
သောက်နေကြဆေး
ရှိတယ် ၊အာတာသောက်လိုက်ရင် သက်သာသွားမှာပါ ""အလိုဆိုတကယ်ပဲသက်သာသွားတာလား?"
"ဟုတ်!"
"ဒါဆိုတော်သေးတာပေါ့ "
သူကိုယ်လေးကိုထွေးပွေ့လာတဲ့ ဒယ်ဒီကြောင့် အလိုက်သင့်လေးပြန်နေမိရင်း သက်ပြင်းချမိမှန်းမသိချနေမိသည်။
"ဘေဘီမှာ allergenရှိတာသိပေမယ့် ဘယ်အရာတွေနဲ့လဲဆိုတာ ကိုယ် သေချာမသိခဲ့ဘူး ၊ အခုအချိန်ကစပြီး
ဘေဘီနဲ့ပတ်သတ်တာမှန်သမျှ သိအောင်
အချိန်ပေးပြီး မှတ်သားထားတော့မှာမို့ မျှော်လင့်ပေးနော် ဘေဘီ!!!""မဟုတ်တာ !!ရပါတယ် ဒယ်ဒီ
ဒယ်ဒီက မအားလပ်တဲ့သူလေ ၊ ကျတော်ကြောင့် တန်ဖိုးရှိတဲ့အချိန်တွေကိုအကုန်မခံပါနဲ့ ရပါတယ် ၊ ဒီ
Allergenကလည်း အစာရှောင်လိုက်ရင်ရတဲ့ကိစ္စမို့
ဒုက္ခရှာပြီး ခေါင်းထဲမထည့်ထားပါနဲ့!!"သူစကားအဆုံး သူမျက်နှာကိုသေချာကြည့်လာတဲ့ ဒယ်ဒီက
သူေမးဖျားကို ဆွဲယူလာသည်။ ထိုအပြုအမူတွင်ညင်သာမူအလျင်းမရှိ။
YOU ARE READING
SIDE AFFECTS ✅ Completed
Fanfictionပိုချစ်မိရင် ပိုခံစားရသလို ပိုချစ်မိတဲ့သူက အရှုံးတဲ့လား ? Ost for :: hurts so good