"ဂျွန်!!!"
"ဗျာ"
"ဂျွန်!!ဂျွန် !"
"ဟုတ်ကဲ့ပါဗျာ "
မူးနေပြီဖြစ်သော အိန်ဂျယ်ကို ကုန်းပိုးပိုးရင်း ခေါ်လာတဲ့ လမ်းတလျှောက်လုံး အိန်ဂျယ်က
သူပါးကိုဆွဲလိုက် လည်ပင်းတွေကို လာနမ်းလိုက်လုပ်နေသလို ပါးစပ်ကလဲ *ဂျွန်*ဟုခေါ်နေတာက မရပ်မနား , သူလဲ ခေါ်တဲ့အကြိမ်တိုင်းပြန်ထူးမိသည်။"ဂျွန်လို့!!"
"အင်း!!"
"မောနေပြီလားဟင် ၊ ကျတော်ကိုချီထားရပြီး
ကျတော်ခေါ်သမျှထူးနေရလိုလေ '""ဟင်အင်းး နည်းနည်းလေးမှမမောဘူး !'
"လိမ်တယ် ၊ ဂုတ်တွေမှာ
ချွေးတောင်ပျံနေတာကို ""ဟုတ်လား!! "
"Blah blah နောက်တာ ခိခိ"
ပျော်နေပုံရတဲ့ အိန်ဂျယ်က သူကိုစနောက်ကာ သဘောကျရယ်နေပြန်တာမို့ သူအသဲတွေယားလာပြန်ပါပြီ။ လျော့ကျချင်နေတဲ့ ကိုယ်လေးကိုတချက်ပင့်တင်ရင်း သူ့လည်ပင်းနားမှာတင်ထားတဲ့ အိန်ဂျယ်လက်လေးကို နမ်းလိုက်မိသည်။
"အသဲယားအောင်သိပ်မလုပ်နဲ့နော် ၊
ကိုယ်ကိုက်စားချင်နေပြီမို့ ""ကြောက်စရာလဲ မကောင်းဘူး ဂျွန်က
ချစ်ဖို့ကောင်းနေတာ "သူပါးကိုလာဖျစ်ညှစ်တဲ့ အိန်ဂျယ်လက်လေးကို
သူလှမ်းကိုက်ဖို့ပြင်တော့ ချက်ချင်းလက်ရုတ်သွားကာ ရယ်သံလေးတွေပေါ်ထွက်လာပြန်သည်။"ဒီနေ့ ကျတော်လေ အရမ်းပျော်တာပဲသိလား
ကျတော်လုပ်ချင်တာတွေအကုန်
ဂျွန်နဲ့အတူလုပ်ခွင့်ရလို""အိန်ဂျယ်ပျော်ဖို့ အဓိကပါ !!"
"ဒါဆို ကျတော်ကို ချစ်လားဟင် !!"
YOU ARE READING
SIDE AFFECTS ✅ Completed
Fanfictionပိုချစ်မိရင် ပိုခံစားရသလို ပိုချစ်မိတဲ့သူက အရှုံးတဲ့လား ? Ost for :: hurts so good