" အထဲဝင်တော့မလား အီရန်!!!"
ဆေးရုံအခန်းတံခါးလေးအရှေ့သူရပ်နေမိတုန်း ထယ်ယောင်းရဲ့ အသံကြောင့် ခေါင်းသာ ငြိမ့်ပြမိလိုက်သည်။
သူအခုရောက်နေသည့်နေရာက သုဠေးဂျွန်ရဲ့ ဆေးရုံအခန်းရှေ့ပင်။ထယ်ယောင်းကကိစ္စအားလုံးကို
ပြောပြထားပြီးဖြစ်လို
သူအထဲဝင်တွေ့ရန် အနည်းငယ် ဝန်လေးနေမိသည်။ တွေ့ပြီးရင် သူတောင်းပန်ရမလား?
ကျေးဇူတင်စကားဆိုရမလား ?
ဘာပြောလိုပြောရမှနိးမသိကိုဖြစ်နေတော့တာ။ဒါပေမယ့် စိတ်ကိုတည်တည်ငြိမ်ထားကာ
ထယ်ယောင်းနဲ့အတူအခန်းထဲသို့သူဝင်လာခဲ့မိတော့သည်။••••
သီချင်းလေးကိုညည်းကာ အိမ်သန့်ရှင်းရေးကိုကိုယ်တိုင်လုပ်နေတဲ့ ဆော့ဂျင်သည် သူလျှော်ထားတဲ့ အဝတ်တွေကိုလဲ
လှမ်းဖို့ပြင်နေသည်။" ဂျွန် အကျီက လျှော်ပြီးတာတောင်
ကိုယ်သင်းရနံ့လေးရနေတုန်း သဘောကျလိုက်တာ "တယောက်ထဲစကားတွေပြောပြီး
သဘောတကျရယ်နေတဲ့
ဆော့ဂျင်သည် အကျီလေးကိုရူလိုက် ၊ ရင်ဘတ်နားကပ်ထားလိုက်နဲ့ လုပ်နေရင်းက တခုခုကိုသိရသွားဟန်ဖြင့်
ဧည်ခန်းထဲက ဖုန်းလေးကိုပြေးသွားယူသည်။"ဘာလို့ ဂျွန်မကိုင်ပါလိမ့် မအားဘူးထင်တယ်
ငါက ညနေကြရင်ဘာချက်ထားရမလဲမေးမလို့ကို !!"ပြန်လှည်ဖြေကြားခြင်းမရှိတဲ့ဖုန်းလေးကို
အသာချကာ
နှုတ်ခမ်းလေးဆူရင်း လုပ်လက်စအလုပ်တွေကိုလုပ်နေတဲ့ ဆော့ဂျင်သည် မျက်လုံးလေးကတော့ ဖုန်းရှိရာသို့ရောက်နေခဲ့သည်။"ပြန်လည်းမဆက်ပါလား ဂျွန်က
ဟင်းးး မအားလိုနေမှာပါ"ထိုအချိန်ဝင်လာတဲ့ဖုန်းသံကြောင့် ဆော့ဂျင်မျက်လုံးလေးအရောင်တောက်ကာ ကိုင်မိပေမယ့် သူမျှော်လင့်နေသူဆီက မဟုတ်ပါဘဲ ဒါရိုက်တာဖြစ်သူရဲ့ ရိုက်ကွင်းကိစ္စပြောခြင်းမို့
စိတ်တော့ပျက်သွားခဲ့သည်။
YOU ARE READING
SIDE AFFECTS ✅ Completed
Fanfictionပိုချစ်မိရင် ပိုခံစားရသလို ပိုချစ်မိတဲ့သူက အရှုံးတဲ့လား ? Ost for :: hurts so good