Daddyရင်ခွင်ထဲပိုတိုးဝင်နေမိတဲ့သူ နင့်သည်းစွာငိုနေမိတော့ သူ ကျောပြင်လေးကိုသပ်ပေးကာ
'မငိုနဲ့တော့'ဆိုသော
Daddyစကားသံကိုထပ်ကြားရတော့ အံဩတကြီးဖြင့်သူမော့ကြည့်မိသွားသည်။"Daddy!!
ကျတော်မှားသွားပါတယ် ၊
daddyအိမ်ကိုမလိုက်လာခဲ့သင့်ဘူး !!
ကျတော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုဖုံးကွယ်ထားရမယ်ဆိုတာသိလျက်နဲ့ ကျတော်လိုက်လာခဲ့မိလို့တောင်းပန်ပါတယ် ၊
ဒါပေမယ့် ကျတော်ကိုတော့ ထားမသွားပါနဲ့ ၊ဖုန်းမဆက်နဲ့ဆိုလဲ မဆက်တော့ပါဘူး ၊
အပတ်တိုင်းမတွေ့ချင်ဘူးဆိုလဲရပါတယ်
တစ်လတခါလောက်မဆိုပဲ ဖုန်းလေးမဆို ဆက်ပေးပါနော်တောင်းပန်ပါတယ် daddy!!~~~"
ထိုအချိနိသူမျက်ရည်တွေကိုသုတ်ပေးလာတဲ့daddyရဲ့
လက်ချောင်းသွယ်သွယ်လေးတွေကို သူကြည့်မိသည်။"ကိုယ်မင်းကိုထားမသွားဘူးနော် ဂတိပေးတယ် "
"ကျေး ကျေးဇူးပါပဲ "
နွေးထွေးလှတဲ့
ရင်ခွင်ကျယ်ကြီးထဲ နောက်တခါတိုးဝင်မိတော့ daddyရဲ့ရယ်သံလေးကိုကြားလိုက်ရသည်။*Daddyကရယ်တယ် ၊
ပထမဆုံးပဲ သူကြောင့်နဲ့
Daddyရယ်ခဲ့တာ !!*~~~~~~
"စားလေ "
Daddyနဲ့အတူ နံနက်စာစားရန်အတူထိုင်နေရခြင်းဖြစ်သည်။ နွားနို့ခွက်လေးကို သူဘက်တိုးပေးကာ စားဖို့ပြောနေတဲ့
Daddyကို အရည်လဲ့နေသော မျက်ဝန်းေတွဖြင့်ပြန်ကြည့်မိသွားရင်း။"ဟုတ်!!
"အာ့ထမင်းကြော် မစားနဲ့ ၊ ပေါင်မုန့်တွေပဲစား!!!"
"ဗျာ!!"
"ကြက်သွန်ဖြူအနံ့ရတယ် ထမင်းကြော်မှာ "
Daddyကသူအရှေ့က ထမင်းကြော် ပန်းကန်လေးကိုဆွဲယူရင်း နှာလေးရှုံကာပြောသည်။
"ကျတော်ကြက်သွန်ဖြူနဲ့မတည်ဘူးဆိုတာ
Daddyဘယ်လိုသိသွားတာလဲဟင် ?"
YOU ARE READING
SIDE AFFECTS ✅ Completed
Fanfictionပိုချစ်မိရင် ပိုခံစားရသလို ပိုချစ်မိတဲ့သူက အရှုံးတဲ့လား ? Ost for :: hurts so good