မီးရောင်မှိန်မှိန်သာရှိပြီး လရောင်ဖြာနေတဲ့ ၀ရန်တာမှာ Daddy ထိုင်နေသည်။ မကျဥ်းမကျယ်သော ကျောပြင်ကို ကျွန်တော်ငေးလိုက်မိသည်။ ဘယ်အချိန်ကစပြီး တစ်ပါးသူရဲ့နောက်ကျောကို ငေးကြည့်တာ သဘောကျမိသွားပါလိမ့်ဆိုပြီး တွေးနေမိသေးတယ်။
" ရှေရီ။ ကိုယ့်ကိုပဲ ကြည့်နေတော့မှာလား။ အနားကို လာမထိုင်တော့ဘူးလား။ "
ခြေသံမကြားအောင် တိတ်တိတ်ကလေးလျှောက်လာတာတောင်မှ Daddy သတိထားမိသည်။ ကျွန်တော့်အနေနဲ့ Daddy ကိုဖုံးကွယ်လို့ရတာ ဘာကိုမှမရှိဘူးပဲ။
" ကျွန်တော်ရောက်နေတာ Daddy သိတယ်ပေါ့။ "
မေးခွန်းမကျတကျ စကားကို ကျွန်တော်ပြောလိုက်သည်။ ထိုအခါ Daddy ကရယ်သည်။ မျက်စိရှေ့က မြင်ကွင်းလှလှက ဘယ်ပန်းချီမှ ရေးလို့မမီနိုင်တာမို့ နှလုံးသားနဲ့ပဲ မှတ်တမ်းတင်လိုက်မိသည်။
Daddy ပြုံးတာကို အကြိမ်ကြိမ်မြင်ဖူးပေမယ့် ရယ်တာကိုတော့ ပထမဆုံးအကြိမ်အဖြစ် မြင်ရခြင်းဖြစ်သည်။ နောက်ဆိုရင်လည်း အဲလိုမျိုး ရယ်နေဖို့ Daddy ကိုမှာထားရဦးမယ်။
" သိတာပေါ့။ "
ထူးခြားမှုမရှိသော ထိုစကားလုံးသုံးလုံးက ကျွန်တော့်ကိုရူးသွပ်အောင် ပြုစားနိုင်စွမ်းရှိသည်။ ရင်အစုံဟာ အငြိမ်မနေဘဲ တုန်လှုပ်နေမိတယ်ဆိုတာကို Daddy မသိပါစေနဲ့။
" Daddy!! "
" အင်း။ "
" Daddy လို့။ "
" အင်းလို့။ "
သိပ်ချစ်စရာကောင်းတဲ့ Daddyကိုစနောက်တာ။ Daddy ကကျွန်တော့်ကိုတစ်ဖန် နောက်ပြောင်နေပြန်တယ်။ ကျွန်တော်သာ Daddyကြောင့်ရူးသွားတာဆိုရင် Daddy ကတာ၀န်ယူမှာလားဗျာ။
ကျွန်တော့်အတွေးနဲ့ကျွန်တော်မို့ ပြုံးလိုက်မိသည်။ တစ်ဖက်သတ်ဆန်တဲ့ ခံစားချက်နဲ့အတွေးတွေက အနည်းငယ်တော့ ရှက်ဖို့ကောင်းရဲ့။
" ဘာတွေကို သဘောကျလို့ ပြုံးနေတာလဲ။ ကိုယ့်ကိုပြောပါဦး ရှေရီရဲ့။ "
မသိမသာလေးပဲပြုံးလိုက်မိတာကို Daddy ကမြင်တယ်တဲ့လား။ ရှက်လိုက်တာ Daddyရယ်။ ကျွန်တော်ဘာတွေးနေတယ်တိုတာကိုများ သိသွားသလား။
YOU ARE READING
Falling Leaves To Their Roots
ФанфикThe leaves of the tree always return to their roots.