Part 13

145 20 1
                                    

ကြောက်တယ်။ ကျွန်တော်ကြောက်တယ်လေ Daddyရဲ့။ ဘာကိုဘယ်လိုကြောက်မှန်းမသိပေမယ့် ကြောက်နေမိတာတော့ အမှန်ပဲ။

Daddyလက်ကို ကိုင်ထားမိတဲ့ ကျွန်တော့်လက်တွေကလည်း ပိုမိုတင်းကျပ်လို့ ချွေးစေးတွေလည်း ထွက်နေပြီ။ ကျွန်တော့်ဒူးတွေ မခိုင်တော့ဘူး။ တစ်ကိုယ်လုံးလည်း တုန်နေပြီ။

" Daddy. "

Daddyကို ခေါ်လိုက်တဲ့ ကျွန်တော့်ရဲ့အသံက သိသိသာသာကို တုန်ခါနေသည်ကို သတိထားမိသည်။

" မျက်လုံးမှိတ်ထား ရှေရီ။ ဘာကိုမှ မကြည့်နဲ့။ "

Daddyက ကျွန်တော့်ကို သူ့ရင်ခွင်ထဲဆွဲသွင်းရင်း ပြောလာသည်။ ရင်ခွင်မှာ မျက်နှာအပ်လို့ Daddyခန္ဓာကိုယ်ကို တင်းကျပ်နေအောင် ဖက်ထားလိုက်မိသည်။

" ရှေရီ။ ကိုယ့်ကိုယုံလား။ "

ရုတ်တရက်ကြီး မေးလာတဲ့ Daddyက ထူးဆန်းခြင်းများစွာနဲ့။ ဒီအခန်းထဲက မြန်မြန်ထွက်ရအောင်လေဗျာ။

" ကိုယ့်ကို ဖြေပါဦးကွာ။ "

အဖြေပြန်မလာသောအခါ ထပ်မေးပြန်သည်။ အသံမထွက်ဘဲ ခေါင်းသာငြိမ့်လိုက်သည်။

" အင်း။ ကိုယ့်ကိုယုံတယ်ဆိုရင် မျက်လုံးဖွင့်ကြည့်တော့။ "

ရင်ခွင်ထဲက ကျွန်တော့်ရဲ့ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍ ပြောလာသည့် Daddy ရဲ့ ရည်ရွယ်ချက်က ဘာများလဲ ကျွန်တော်သိချင်သည်။

" ကျွန် ကျွန်တော် ကြောက်တယ် Daddy. "

" မင်းပဲ ကိုယ့်ကိုယုံတယ်ဆို။ မင်းဘေးမှာ ကိုယ်ရှိနေတယ်။ နောက်ပြီး မင်းလက်ကိုလည်း ကိုင်ထားတယ်လေ။ ဒါကိုတောင် ကြောက်နေတုန်းလား ရှေရီ။ "

ဘေးမှာ Daddyတစ်ယောက်လုံးရှိနေတာကို ကြောက်နေရလားဆိုတော့ ကြောက်ပါတယ်။ သတ္တိရှိရှိရင်ဆိုင်တယ်ဆိုတာ အပြောသာလွယ်တာ။ လက်တွေ့ကျ သိပ်ခက်တာ။

ဒါပေမယ့် ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ကျွန်တော်ရင်ဆိုင်မယ် Daddy. မှိတ်ကာထားသော မျက်လုံးတစ်စုံကို ဖြည်းဖြည်းချင်းပဲ ဖွင့်လိုက်မိသည်။

Falling Leaves To Their RootsWhere stories live. Discover now