Daddy ကကျွန်တော့်ကို ဖုန်းတစ်လုံး၀ယ်ပေးတဲ့အခါ contact ထဲမှာ လူတစ်ဦးက အပိုင်စားနေရာယူတယ်။
ချစ်ရပါသော ကျွန်တော့်ရဲ့Daddyတဲ့လေ။
တစ်ရက်ပြီးတစ်ရက် ပျော်ရွှင်စွာကုန်ဆုံးရင်း တစ်ပတ်လောက်ကြာတဲ့အခါ ဦးလေးကျိုးက အိမ်ကိုရောက်လာသည်။ Daddyကို လာရှာသည်တဲ့လေ။
ဖြစ်ချင်တော့ Daddyက အပြင်သွားနေတာမို့ အိမ်မှာပဲ ထိုင်စောင့်ခိုင်းလိုက်သည်။ မြန်မြန်ပြန်လာဖို့ ပြောချင်ပေမယ့် ဖုန်းပါမသွားတဲ့ Daddyကြောင့် စောင့်နေရုံသာ တတ်နိုင်သည်။
နောက်တော့ ပြောထားရဦးမယ်။ ဘယ်ကိုသွားသွား ဖုန်းကိုတော့ ယူသွားပါလို့။ သတိရလို့လွမ်းတဲ့အခါ ဖုန်းလေးဆက်လို့ အသံကြားခွင့်ရချင်လို့ပါ။
" ရိပေါ်။ ရှောင်းကျန့်က ဘယ်သွားတာလဲ။ ဘယ်အချိန်လောက်ပြန်လာမယ်ပြောသွားလဲ။ "
စိတ်ရှည်ဟန်မရှိတော့သည့် ဦးလေးကျိုးက မေးလာသည်။ Daddyရေ မြန်မြန်ပြန်လာပါတော့။ ပြောစရာရှိလို့ စောင့်နေတဲ့ ဦးလေးကျိုးလည်း ရှိသလို တွေ့ချင်လွန်းလို့ စောင့်နေတဲ့ ကျွန်တော်လည်း ရှိတယ်လေဗျာ။
" ကျွန်တော်သွားခေါ်လိုက်မယ် ဦးလေးကျိုး။ ၂လမ်းကျော်က ကော်ဖီဆိုင်လို့ ပြောသွားတယ်။ "
ထိုအခါ ဦးလေးကျိုးက ခေါင်းငြိမ့်လို့သဘောတူသည်။ ကားမမောင်းတတ်သေးတဲ့ကျွန်တော်က အလွယ်တကူပဲ ပြေးသွားလိုက်သည်။ ဘုရားရေ။ ပေါ့ပါးနေလိုက်တဲ့ ခြေလှမ်းတွေ။ ကြည့်ရတာ Daddyဆီသွားနေသည်မို့ ဖြစ်လိမ့်မည်။
ကော်ဖီဆိုင်လေးရဲ့အတွင်းဘက်ကို တစ်ချက်ကြည့်လိုက်သည်။ တွေ့လိုက်ရပါပြီ။ ကျွန်တော်ရဲ့Daddy က အေးအေးဆေးဆေးထိုင်နေသည်ပဲ။ သို့သော် တစ်ယောက်ထဲတော့ မဟုတ်ခဲ့။ မျက်နှာချင်းဆိုင်က Daddyနဲ့ရွယ်တူလောက်ရှိမယ့် အမျိုးသမီးတစ်ယောက်။
လှပကျော့ရှင်းသည်။ ကျက်သရေရှိသည်။ မာနကြီးမည့်ပုံပေါ်သည်။ ပြည့်စုံနေသော အမျိုးသမီးတစ်ယောက်ဆိုသော်ငြား Daddyနဲ့ရှိနေတာတော့ မဟုတ်သေးဘူးလေ။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.