Part 4

206 28 2
                                    

" ဘာတွေဖြစ်နေတာလဲ ရှေရီ။ "

အနားကိုရောက်လာတဲ့ Daddyက ကျွန်တော့်မျက်နှာကိုကြည့်ပြီး မေးတယ်။ ဒီနေရာကနေ အမြန်ဆုံးထွက်သွားချင်နေတာကို Daddy သိပါစေ။

" အို။ Sean ပါလား။ "

ထိုမိန်းကလေးရဲ့ ပြောင်းလဲသွားသောအသံက နူးညံ့ညင်သာမှုတွေအပြည့်နဲ့ပင်။ လူတွေဟာ သိပ်ကို အပြောင်းအလဲမြန်လွန်းတာပါပဲလား။

" မင်းကိုမသိဘူး။ "

ပြန်ပြောလိုက်တဲ့ Daddy အသံက အေးစက်နေတယ်။ ဘာကြောင့်မှန်းမသိပါဘဲ ကျွန်တော်သဘောကျမိသွားတယ်။

" တို့ကိုမသိလဲ တို့ကတော့ ရှင့်ကိုသိတယ် Sean "

ကျောက်မိန်ယွဲ့က ဂုဏ်ယူသလိုလေသံမျိုးဖြစ်နေသည်။ သို့သော် Daddyက ဂရုစိုက်ဟန်မတူ။ ကျွန်တော့်ကိုသာ စိုက်ကြည့်နေသည်။

" ရေခဲမုန့်စားလိုက်ဦး ရှေရီ။ "

ကျွန်တော့်ရှေ့ကိုရောက်လာတဲ့ ကန်တော့ပုံရေခဲမုန့်လေးတစ်ခု။ အရသာက နွားနို့။ ကျွန်တော်သိပ်ကြိုက်တာပဲ။ ဒါမယ့် ကျွန်တော်မစားချင်ဘူး။ ရေခဲမုန့်စားတဲ့အခါ အမြဲပေပွနေမိတဲ့ ကျွန်တော့်ကို Daddy ကစိတ်မရှည်ရင် ဘယ်လိုလုပ်မလဲ။

" ရေခဲမုန့်က တစ်ခုပိုနေတာပဲ။ တို့ကိုပေးပါလား Sean "

Daddy လက်ထဲမှာ ရေခဲမုန့်နှစ်ခု။ အရိုးရှင်းဆုံးတွေးဦးတော့ ထွက်လာမည့်အဖြေက Daddy တစ်ခု၊ ကျွန်တော်တစ်ပေါ့။ ဒါကိုတောင် မသိဘဲတောင်းရဲတဲ့ သူမက အတော်လေးအမြင်ကပ်စရာကောင်းသည်။

" မပေးဘူး။ "

ပြတ်ပြတ်သားသာထွက်လာသည့် Daddy စကားကြောင့် ကျောက်မိန်ယွဲ့အံ့သြသွားသည်ကို ဘယ်လို ဟူသော အာမေဋိတ်စကားက သက်သေဖြစ်နေသည်။

" ကျန်နေသေးတဲ့ ရေခဲမုန့်ကို မပေးနိုင်ဘူး။ ဒါက ရှေရီအတွက်။ "

" ရှေရီဆိုတာ ဘယ်သူလဲ။ "

ကျောက်မိန်ယွဲ့က ဣန္ဒြေလေးတောင်မထိန်းနိုုင်ဘဲ သိလိုရင်းကို မေးနေသည်။

" ၀မ်ရိပေါ်က ကိုယ့်ရဲ့ရှေရီပါ။ "

ကျွန်တော့်လက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး တည်ငြိမ်စွာနဲ့ မိတ်ဆက်ပေးနေတဲ့ Daddy က လူကြီးလူကောင်းဆန်လှသည်။

Falling Leaves To Their RootsWhere stories live. Discover now