Daddy ကကျွန်တော့်ကို ရုပ်ရှင်ကြည့်မလားလို့ မေးလာတဲ့အခါ အလွယ်တကူပဲ ကျွန်တော်လက်ခံလိုက်သည်။ Daddy ကရုပ်ရှင်ကြည့်ဖို့ စိတ်အားထက်သန်နေတာကိုး။
၀ရံတာကနေအိမ်ထဲကို ကူးပြောင်းဖို့ ပြင်တဲ့အခါ Daddy ကအရင်မတ်တပ်ရပ်၍ လက်တစ်ဖက်လှမ်းသည်။ကျွန်တော်ကတော့ ထိုင်နေဆဲပင်။ ကမ်းလာတဲ့လက်ကိုတစ်လှည့် Daddy မျက်နှာကိုတစ်လှည့်ကြည့်မိသည်။
လေပြည်အေးကြောင့် အေးစက်နေမယ့် လက်တစ်ဖက်ဖြစ်နေသည့်တိုင် ကျွန်တော့်ကို နွေးထွေးလုံခြုံမှုတွေ ပေးနေသေးတယ်။ ကြည့်ရတာ Daddyရဲ့မေတ္တာတွေက တရားခံဖြစ်နေသည်ထင်ရဲ့။
ကျွန်တော့်ကို ဆိုဖာပေါ်မှာ ထိုင်စေပြီး Daddy က ဇာတ်ကားရွေးနေသည်။ ရှေရီ မင်းဘာဇာတ်ကားကြည့်ချင်လဲ လို့ Daddyကမေးလာရင်တော့ Daddyမျက်နှာကိုပဲ ကြည့်ချင်တာဆိုပြီး သတိလက်လွတ်မဖြေမိဖို့ ထိန်းနေရသည်။
အတော်ပါပဲ။ Daddyက အဲဒီမေးခွန်းကို မမေးခဲ့ဘူး။ သို့သော် ကျွန်တော့်စိတ်ထဲမှာတော့ မေးခွန်းပေါင်းမြောက်များစွာ ရှိနေသည်။
Daddyက ဘာကားကို ကြည့်ချင်နေတာလဲ။
Drama ချိုးတဲ့ဇာတ်ကားဆိုရင်တော့ အဆင်ပြေမယ်မထင်။ အခုနောက်ပိုင်း ကျွန်တော်က ခံစားလွယ်လာပြီလေ။ ၀မ်းနည်းရတဲ့အပိုင်းတွေဆိုရင် မျက်ရည်ဖြိုင်ဖြိုင်ကျနေမိမလား။
Comedy ဆိုရင်ရော အဆင်ပြေလောက်မလား။ ရယ်စရာပါလို့ တဟားဟား ရယ်မိတဲ့အခါ ဣန္ဒြေမဲ့လိုက်တာဆိုပြီး Daddy စိတ်ခုသွားရင် ဘယ်လိုလုပ်မလဲ။
Horror ကားလား။ ကျွန်တော်က အသည်းငယ်တယ် Daddyရဲ့။ သရဲကိုလည်း ကြောက်သလို စိတ္တဇလူသတ်သမားကိုလည်း မကြည့်ရဲဘူး။
ဒါဆို Romance ဆိုရင်ရော။ မင်းသားနဲ့ မင်းသမီးက ကြည်နူးစရာကောင်းအောင် ချစ်ပြနေရင်၊ ဒါမှမဟုတ် နမ်းတဲ့အခန်းတွေ ပါလာရင် .... .ဘုရားရေ။ တွေးကြည့်ရုံနဲ့တင် မျက်နှာတွေ ပူလာပြီ။ အခန်းအပူချိန် မြင့်လာလို့ထင်ရဲ့။
အပူချိန်ခပ်နွေးနွေးကို ရရှိလိုက်သည်။ ကျွန်တော့်အနားကို လာထိုင်တဲ့ Daddy. ဇာတ်ကားကို ကြည့်ရန်ရှေ့ကိုလှည့်လိုက်တော့ ပုံမှန်ကြည့်နေကြ TV မဟုတ်။ အဖြူရောင်ပိတ်ကားချပ်တစ်ခု။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.