နေရောင်ခြည်ခပ်နွေးနွေးက ကျွန်တော့်အခန်းထဲကို စီးနင်း၀င်ရောက်လာတဲ့အခါ ကျွန်တော်အိပ်ယာထရန်ပြင်သည်။ ရုတ်တရက်ထိုးကိုက်လာတဲ့ ခေါင်းက မနေ့ညက ကျွန်တော်မူးခဲ့တာ သေချာတယ်ဆိုတဲ့သဘော။
တကယ်ဆို ကျွန်တော်က cocktail တစ်ခွက်လောက်နဲ့ မူးမယ့်သူမျိုးမဟုတ်။ ရောက်ဖူးတဲ့ club တွေ သောက်ဖူးတဲ့ ယမကာတွေက နည်းတာမဟုတ်ပေ။ ဘယ်လောက်သောက်သောက် တော်ရုံနဲ့မမူးတာ ကျွန်တော့်ရဲ့အားသာချက်တစ်ခု။
ခပ်ပျော့ပျော့ cocktail တစ်ခွက်လို့ထင်ခဲ့မိတာ အခုတော့ မှားသွားပြီပဲ။ တစ်ဆက်ထဲမှာပဲ ဆက်တွေးမိတာက Daddyပေါ့။ တကယ်ဆို cocktail တွေက ပြင်းတဲ့အမျိုးအစားမဟုတ်။
သို့သော် Daddy စပ်တဲ့အခါကျမှ အားပျော့မယ်ထင်ရတဲ့ဟာက ကျွန်တော့်လိုလူတောင် တစ်ခွက်ထဲနဲ့ မှောက်တယ်။ အဲဒါကလည်း Daddyရှေ့မှာမှတဲ့လား။
ကျွန်တော်ရှက်လိုက်တာ Daddy ရာ။
မနက်ခင်း နိုးနိုးချင်း Daddy အကြောင်းတွေးမိတော့ နှုတ်ခမ်းတစ်စုံက အပြုံးပန်းကို အလိုက်တသိ ပန်ဆင်ပေးသည်။ တစ်စုံတစ်ယောက်ရဲ့အကြောင်းတွေးမိရုံနဲ့ ပြုံးတယ်ဆိုတာ နည်းတဲ့ရူးသွမ်မှုတော့မဟုတ်။
" နိုးနေရင် မျက်နှာသွားသစ်တော့ ရှေရီ။ "
ကျွန်တော့်စိတ်ထင် အသံအနည်းငယ်မာနေသည်ဟု ထင်ရသော Daddy က သတိပေးလာသည်။
မနေ့ညက ကျွန်တော်က Daddyစကာကို နားမထောင်ခဲ့ဘူး။ အဲဒါကြောင့် Daddy ကစိတ်ဆိုးသွားပြီထင်ပ။ ပုံမှန်ရနေကျ အရာနှစ်ခုကိုမရတဲ့အခါ လစ်ဟာနေမှုက အထင်းသား။
သွားတိုက်ဆေးအရန်သင့်ရှိနေသော သွားတိုက်တံက ကျွန်တော့်ကိုစိတ်ဆိုးလည်း ပစ်မထားဘူး ဂရုစိုက်နေသေးတယ်ဆိုတဲ့ Daddyရဲ့သက်သေ။
ကော်ဖီနဲ့ပေါင်မုန့်အစား အမူးပြေဟင်းရည်က အစားထိုးနေရာယူလာတဲ့အခါ ကျွန်တော်ပြုံးမိပြန်သည်။
" Daddy. "
" အင်း။ "
ကျွန်တော့်ကို တစ်ချက်လေးတောင် စောင်းငဲ့မကြည့်ဘဲ ထူးလာတဲ့ Daddy ရဲ့ မျက်နှာမှာ သဘောကျမိတဲ့ အပြုံးတွေ ပျောက်ကွယ်လို့။
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.