အချိန်တွေဟာ ရပ်တန့်လို့နေသည်။ အသက်ရှူဖို့တောင် မေ့ရော့နေမိသလို။ ပတ်၀န်းကျင်ကလည်း တိတ်ဆိတ်ငြိမ်သက်ခြင်းကို အမှူးပြုလို့။
ဒုတ်!! ဒုတ်!!
တစ်ချက်တစ်ချက်ကြားလာရသော အသံကို အာရုံစိုက်ကာ ကျွန်တော်နားထောင်လိုက်သည်။ ဆိတ်ငြိမ်နေမှုကို လွန်ဆန်ချင်နေတဲ့အရာဟာ ဘာများလဲ။ဒုတ်!! ဒုတ်!! ဒုတ်!! ဒုတ်!!
စည်းချက်ညီစွာ ထပ်မံထွက်ပေါ်လာသော အသံရဲ့ လားရာကို သေချာစူးစမ်းလိုက်တဲ့အခါ တရားခံက ကျွန်တော့်ရဲ့ဝဲဘက်ရင်အုံတဲ့လေ။အို။ ကျွန်တော့်ရဲ့ ရင်ခုန်သံဟာ မြန်ဆန်နေတာပဲ။ " မခုန်စမ်းနဲ့ နှလုံးသားငယ်။ မင်းကြောင့် ငါ့ရဲ့Daddy အနှောင့်အယှက်ဖြစ်သွားပါဦးမယ်။ "
ကျွန်တော့်ရဲ့ကိုယ်တွင်းအင်္ဂါကတောင် သိသိသာသာကို မျက်နှာလိုက်သည်။ Daddyစကားမဟုတ်တော့ နားမထောင်ချင်ဘူး။
" ကိုယ့်မျက်နှာမှာ ဘာပေနေလို့လဲ ရှေရီ။ "
Daddy မေးတဲ့အသံကို ကျွန်တော်ကြားမှ အသိ၀င်တော့သည်။ ယနေ့ရဲ့အပူချိန် 21ဒီဂရီစင်တီဂရိတ်ခန့် ဟူ၍ ခန့်မှန်းသွားသော မိုးလေဝသသတင်းကပဲ မှားနေသလား။ သဘာ၀ကြီးကပဲ အပြောင်းအလဲမြန်လွန်းတာလား။
Daddyရဲ့ အမေးစကားတစ်ခွန်းမှာ ပတ်၀န်းကျင်ဟာ ပူလောင်လာသလို။ ခန္ဓာကိုယ်ကလည်း ချွေးထွက်လာသလို။ ကျွန်တော်က အေးတဲ့ရာသီဥတုကို ကြိုက်တဲ့သူမို့နေမှာပါလေ။
" မပေပါဘူး Daddy "
" ကျိုးရန်လုံက ညစာအတူစားဖို့ခေါ်ထားတယ်။ သွားပြီး ပြင်တော့ ရှေရီ။ "
" ဟုတ်"
ခဏအကြာမှာ ကျွန်တော်ပြင်ဆင်ပြီးလို့ အပြင်ထွက်လာသည်။ Daddyကတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်လို့ ကျွန်တော့်ကိုစောင့်နေသည်ထင်ပ။
" ကျွန်တော်ကြာသွားလား Daddy"
" မကြာပါဘူးကွာ။ လာ သွားမယ်။ "
ကျွန်တော့်ကို သေချာမကြည့်ဘဲ သွားရန်ပြောလာသည့် Daddy။
" အင်္ကျီက ပါးပါးလေးကွာ။ တစ်ခြားထူတဲ့ဟာနဲ့ လဲလိုက်။ မလဲချင်ရင် အနွေးထည်၀တ်ခဲ့။ အပြန်ကျ နောက်ကျချင်နောက်ကျမှာ။ ရာသီဥတုက အေးနေတာလေ ရှေရီရဲ့။ "
YOU ARE READING
Falling Leaves To Their Roots
FanfictionThe leaves of the tree always return to their roots.